ရေစကြိုမြို့တွင် ကိုဗစ်(၁၉)ရောဂါကာကွယ် ဆေးထိုးပေးမည့်အဖွဲ့ဝင်များလိုက်ပါလာသည့်ကား လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံရ

0
138

ရေစကြိုမြို့တွင် ကိုဗစ်(၁၉)ရောဂါကာကွယ် ဆေးထိုးပေးမည့်အဖွဲ့ဝင်များလိုက်ပါလာသည့်ကား လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံရ

မကွေးတိုင်း၊ရေစကြိုမြို့တွင် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးအဖွဲ့များလိုက်ပါလာသည့် ကားတစ်စီးအား ဇွန် ၂၈ ရက်(ယနေ့)နံနက် ၈ နာရီကျော်ခန့်တွင် လက်နက်ကိုင်အဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ကြသည်ဟု သိရသည်။

ရေစကြိုမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦး ဦးဆောင်ကာရေစကြိုမြို့နေသူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပေးရန် လာရောက်စဥ် မြို့ဝင်လမ်းအရောက် အမည်မသိလက်နက်ကိုင်အဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ကြကြောင်း သိရသည်။

“ရေစကြိုမြို့မရဲစခန်းရှေ့မှာ ကိုဗစ်ကာကွယ်ဆေးထိုးစုရပ်ထားတယ် အဲဒီကိုလာပြီးဆေးထိုးပေးမယ့်အဖွဲ့ကား လက်ပစ်ဗုံးနဲ့ပစ်ခံရတာပါ ပစ်ပြီးတာနဲ့ထွက်ပြေးသွားကြတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုသို့ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးအဖွဲ့ဝင်များလိုက်ပါလာသည့် ကားအားလက်ပစ်ဗုံးဖြင့်ပစ်ပေါက်ရာတွင် လက်ပစ်ဗုံးမှာကားပေါ်သို့ကျရောက်ခြင်းမရှိခဲ့ဘဲ ဘေးသို့ချော်ထွက်သွားခဲ့ကြောင်း သိရသည်။

“လက်ပစ်ဗုံးက ကားပေါ်ကိုမကျဘဲ ဘေးကိုကျပြီးပေါက်ကွဲသွားတာ လူထိခိုက်ဒဏ်ရာရတာမရှိပါဘူး ကားကတော့အနည်းအကျဥ်းပျက်စီးသွားတာပေါ့”ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here