အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသည့် မြေလွတ်‌မြေရိုင်း ပြန်လည်သိမ်းယူမည်

0
266

အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသည့် မြေလွတ်‌မြေရိုင်း ပြန်လည်သိမ်းယူမည်

နိုင်ငံတစ်ဝန်းရှိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံတော်မှ ပြန်လည် သိမ်းယူနိုင်ရန် စီစဉ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

ဇွန်လ (၂၇) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ ၏ ဆဋ္ဌမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“စက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များလည်း တိုင်းဒေ သကြီး ပြည်နယ်အသီးသီး၌ ပေါ်ထွန်းလာမယ်ဆိုရင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက် အ ကူ ပြုနိုင်မှာဖြစ်ပါတယ်၊ ဒါကြောင့် နိုင်ငံတစ်ဝန်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စနစ်တကျ စီမံခန့်ခွဲပြီး အမှန်တကယ် စိုက်ပျိုးမွေးမြူ လုပ်ကိုင်လိုသူများ အသုံးချနိုင်ရေးနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ မြေများအား ပြန်လည်သိမ်းဆည်းနိုင်ရေးကို မိမိတို့ ဗဟိုကော်မတီနှင့် တိုင်းဒေသကြီး ပြည်နယ်ကော်မတီ အဆင့်ဆင့်တို့က စိစစ် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြည် ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောသည်။

ထို့အပြင် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာအသုံးချမှုနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် မိမိတို့၏ ရေမြေသဘာဝကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးရေး ထုတ်ကုန်များ၊ တိရ စ္ဆာန်မွေးမြူ‌ရေးလုပ်ငန်းများ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်လည်း လိုအပ်ကြောင်း ဝန်ကြီးက ပြောသည်။

လက်ရှိတွင် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၏ တင်ပြမှုများအပေါ် လုပ်ငန်းနှင့်သက်ဆိုင်သည့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၏ ထောက်ခံချက်များနှင့်အညီ ခွင့်ပြုချထားပေးလျက်ရှိရာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေး ပြီးဆုံးချိန်အထိ စိုက်ပျိုး ရေးလုပ်ငန်းအတွက် မြေဧက (၆၀၀၀)ကျော်၊ မွေးမြူရေးလုပ်ငန်းအတွက် မြေဧက (၈၀၀)ကျော်၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် မြေဧက (၄၀၀)ခန့်နှင့် အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းအတွက် မြေဧက (၃၀၀၀) ကျော်၊ စုစုပေါင်း မြေဧရိယာ ဧက (၁၁၀၀၀)ကျော်တို့ကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။

၁၉၉၁ ခုနှစ်မှ ယနေ့အထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ဧက (၂၂)သိန်းကျော်ကို ခွင့်ပြုပေးခဲ့ရာ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရယူထားသော်လည်း သတ်မှတ်ကာလအတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသည့်အတွက် ပြန်လည်သိမ်းဆည်းခဲ့ရသည့် ဧက (၂၄၀၀၀)ကျော် အပါအဝင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြန်လည်သိမ်းဆည်းခဲ့သည့် ဧရိယာစုစုပေါင်းမှာ ဧက (၁၅)သိန်းကျော် ရှိပြီဖြစ်ကြောင်းလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဌာန စာရင်းဇယားများအရ သိရသည်။

ထို့အပြင် ၂၀၁၇-၂၀၁၈ ခုနှစ် မြေခွန် စတင်ကောက် ခံချိန်မှ ၂၀၂၀-၂၀၂၁ ခုနှစ်အထိ တစ်ဆက်တည်း မြေခွန်စည်းကြပ် ကောက်ခံမှုအပေါ် မြေခွန်ပေးသွင်းခြင်းမပြုဘဲ ပျက်ကွက်နေမှုများကို စိစစ်ပြီး မြေခွန်များ အပြည့်အဝကောက်ခံရရှိရေး ဆောင် ရွက်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here