မြန်မာအလုပ်သမား ၁၅၀ ဦးတောင်ကိုရီးယားနိုင်ငံသို့ ယနေ့ထပ်မံရောက်ရှိ

0
214

မြန်မာအလုပ်သမား ၁၅၀ ဦးတောင်ကိုရီးယားနိုင်ငံသို့ ယနေ့ထပ်မံရောက်ရှိ

မြန်မာနိုင်ငံသား တရားဝင်အလုပ်သမား ၁၅၀ ဦးသည် တောင်ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် ဇွန် ၂၈ ရက်(ယနေ့)တွင် ရန်ကုန်လေဆိပ်မှတဆင့် အင်ချွန်းလေဆိပ်သို့ ထွက်ခွာရောက်ရှိခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။

ယနေ့ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာသည့် မြန်မာအလုပ်သမားများမှာ Re-entry လုပ် သားအဖြစ်ပြန်လည်ဝင်ရောက်လာသည့် ကုန်ထုတ်လုပ်သား ၁၃၃ ဦးနှင့်စိုက်ပျိုးရေးလုပ်သား ၁၇ ဦး(စုစုပေါင်း ၁၅၀ ဦး)ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက် နာသင့်သည့် အချက်များအားမှာကြားကာလိုအပ်သည်များကူညီပံ့ပိုးပေးခဲ့သည်။

တောင်ကိုရီးယားနိုင်ငံအစိုးရသာ် မြန်မာနိုင်ငံမှ တရားဝင်အလုပ်သမားများအား ပြန်လည်လက်ခံလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here