သီပေါမြို့နယ်တွင် စိတ်ကျန်းမာရေးချို့တဲ့နေသည့် အမျိုးသားကြီးတစ်ဦး ကားကြိတ်ခံရပြီးသေဆုံး

0
203

သီပေါမြို့နယ်တွင် စိတ်ကျန်းမာရေးချို့တဲ့နေသည့် အမျိုးသားကြီးတစ်ဦး ကားကြိတ်ခံရပြီးသေဆုံး

ရှမ်းပြည်(မြောက်ပိုင်း)၊သီပေါမြို့နယ်၊စံလောင်းကျေးရွာနှင့်ကုံးမုံကျေးရွာကြားရှိ သီပေါ-လားရှိုးသွားကားလမ်းတွင် ဇွန် ၂၈ ရက်(ယနေ့)နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နယ်စည်းမခြားပရဟိတအသင်း(သီပေါ)မှ သိရသည်။

သီပေါ-လားရှိုးသွား ပြည်ထောင်စုလမ်းမကြီး၏ လမ်းမအလယ်တွင် အမျိုးသားကြီးတစ်ဦးကားကြိတ်ခံရပြီး သေဆုံးနေကြောင်း သတင်းအရ နယ်စည်းမခြားပရဟိတအသင်း(သီပေါ)မှအဖွဲ့ဝင်များက ရုပ်အလောင်းအား ဆေးရုံသို့သယ်ယူပို့ဆောင်ရန် သွားရောက်ခဲ့ကြသည်။

ကားကြိတ်ခံရကာသေဆုံးနေသည့် အမျိုးသားကြီးသည် အသက်(၅၀)နှစ်ကျော်ခန့်ရှိကာ စိတ်ကျန်းမာရေးချို့တဲ့နေသူတစ်ဦးဖြစ်ပြီး ကားကြိတ်ခံရမှုကြောင့် ခန္ဓာကိုယ်မှာအပိုင်းအစများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် နယ်စည်းမခြားပရဟိတအသင်း (သီပေါ)မှအဖွဲ့ဝင်များက ခန္ဓာကိုယ်အပိုင်းအစများနှင့်ရုပ်အလောင်းအား သေချာစွာထုတ်ပိုး၍ နာရေးတင်ကားဖြင့် သီပေါမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Photo-နယ်စည်းမခြားပရဟိတအသင်း(သီပေါ)


LEAVE A REPLY

Please enter your comment!
Please enter your name here