အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖန်လာမည်

0
65
အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖန်လာမည်
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်မစ္စတာ ပရတ်ဆိုးခွန်သည် ဇွန်လ (၂၉) ရက်တွင် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်မည်ဖြစ်ကြောင်း သိရသည်။
ဇွန်လ (၂၉) ရက်မှ ဇူလိုင်လ (၃) ရက်အထိ ကြာမြင့်မည့် ၎င်း၏ ခရီးစဉ်တွင် နစက ခေါင်းဆောင်များနှင့် တွေ့ဆုံမည့်အပြင် အခြားသော သက်ဆိုင်သူများနှင့်လည်း တွေ့ ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခု လာရောက်သည့် အဓိကအကြောင်းရင်းမှာ ၂၀၂၂ ခုနှစ် မေလ (၆) ရက်က ဖနွမ်းပင်တွင် ကျင်းပခဲ့သည့် အာဆီယံ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအစည်းအဝေး ရလဒ်များနှင့် အာဆီယံဘုံသဘောတူညီမှုငါးရပ် အကောင်အထည်ဖော်မှုနှင့်လည်း သက်‌ဆိုင်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန်သည်။
ထို့အပြင် အထူးကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း သက် ဆိုင်သူအားလုံးနှင့် တွေ့ဆုံမှုများမှတဆင့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးဆွေးနွေးပွဲအတွက် အထောက် အကူဖြစ်စေမည့် ပတ်ဝန်းကျင်ကို တည်ဆောက်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော် ပြသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်သို့ပြောင်းရွှေ့လိုက်မှုအပေါ် အာဆီယံနိုင်ငံများ၏ စိုးရိမ်မှုကို ထုတ် ဖော်ပြောကြားကာ သူမကို မူလက ထိန်းသိမ်းထားသည့် နေရာသို့ ပြန်လည်ပြောင်းရွှေ့‌ပေးရန် တိုက်တွန်းထား သည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများအတွက် ငြိမ်းချမ်းသောနည်းလမ်းဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တစ်ရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန် နစကကို တိုက်တွန်းထား သည်။
အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်တွင် အာဆီယံလူမှုရေး – ယဉ်ကျေးမှုအသိုက်အဝန်း (ASCC) ၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ Ekkaphab PHANTHAVONG အပါအဝင် အခြားအစိုးရ အကြီးတန်းအရာရှိများလည်း လိုပါလာမည် ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here