စင်္ကာပူတွင် အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး ကိုဗစ်ရောဂါဖြင့်သေဆုံး

0
109

စင်္ကာပူတွင် အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး ကိုဗစ်ရောဂါဖြင့်သေဆုံး

 

စင်္ကာပူ၊ဇွန် ၂၇

စင်္ကာပူနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသော အသက်တစ်နှစ်ခွဲအရွယ် စင်္ကာပူနိုင်ငံသားကလေးငယ်တစ်ဦးသည် တနင်္လာနေ့ (ဇွန် ၂၇ ရက်)တွင် သေဆုံးသွားခဲ့ပြီးနိုင်ငံ၏ပထမဆုံးအသက် ၁၂ နှစ်အောက်သေဆုံးမှုဖြစ်လာခဲ့သည်။

သေဆုံးရခြင်းအကြောင်းရင်းမှာ “ကိုဗစ်ကြောင့် ဦးနှောက်​​ရောင်ရမ်းကာ အသက်ရူလမ်းကြောင်းဆိုင်ရာ Syncytial Virus နှင့် Enterovirus ကူးစက်မှုများကြောင့်ဖြစ်သည်” ဟု ကျန်းမာရေးဝန်ကြီးဌာန (MOH) မှ ထုတ်ပြန်ချက်တွင်ပြောကြားခဲ့ပြီး လူနာတွင် ​ရောဂါဖြစ်ခဲ့ဖူးသည့် မှတ်တမ်းမရှိခဲ့သလို ယခင်ကလည်းကျန်းမာရေးကောင်းမွန်ကြောင်းသိရသည်။

အဆိုပါကလေးငယ်အား ဇွန်လ ၂၁ ရက်ညတွင် KK အမျိုးသမီးနှင့်ကလေးဆေးရုံအရေးပေါ်ဌာနသို့ တင်ခဲ့ပြီး အဖျားကြီးကာ မကြာခဏသတိလစ်ခြင်းများဖြစ်ခဲ့ကြောင်း MOH မှသိရသည်။ထိုကလေးငယ်သည် ဇွန်လ (၂၂)ရက်နေ့တွင် ကလေးအထူးကြပ်မတ်ကုသဆောင်သို့ ရောက်ရှိလာပြီးပြင်းထန်သော ဦးနှောက်အမြှေးရောင်ရောဂါရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့သည်။

ကလေးငယ်၏ PCR စစ်ဆေးမှုတွင် ကိုဗစ်ရောဂါအပြင်အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ် rhinovirus နှင့် syncytial virus များကိုပါစစ်ဆေးတွေ့ရှိခဲ့သည်။ထို့ကြောင့်ကိုဗစ်သည် ကလေးများနှင့်နဂိုကကျန်းမာ‌ရေးကောင်းနေသူများကိုပင် ပြင်းထန်သောရောဂါဖြစ်စေနိုင်ကြောင်း ဝန်ကြီးဌာနက မှတ်ချက်ပြုထားသည်။

ကာကွယ်ဆေးထိုးထားခြင်းသည် ရောဂါကူးစက်ခံရသည့်အခါ မပြင်းထန်စေနိုင် ဟုလည်း MOH မှပြောကြားခဲ့သည်။အသက်ငါးနှစ်မှဆယ့်တစ်နှစ်အရွယ်ရှိ ကလေးငယ်များသည် Pfizer – BioNTech (သို့) Comirnaty ကာကွယ်ဆေးများထိုးနှံထားသင့်ကြောင်း တာဝန်ရှိသူများကတိုက်တွန်းခဲ့ပြီး အထူးသဖြင့်ကျန်းမာရေးအခံမကောင်းသူ နာတာရှည်ကလေးငယ်များအတွက်ပိုမိုအရေးကြီးသည်ဟု ပြောကြားခဲ့သည်။

အာဏာပိုင်များသည် အသက်ငါးနှစ်အောက်ကလေးများအတွက်ကိုဗစ် ကာကွယ်ဆေးများ၏ ဘေးကင်းမှုနှင့်ထိရောက်မှုကို လေ့လာမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့သည်။အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနမှ အသက်ခြောက်လအထိကလေးငယ်များပါထိုးနိုင်‌သော ကိုဗစ် ကာကွယ်ဆေးကို ဇွန် ၁၈ ရက်က ထောက်ခံချက်ပြုခဲ့ပြီးနောက် ယခုကဲ့သို့လေ့လာမှုတစ်ရပ်ထွက်ပေါ်လာခြင်းဖြစ်သည်။

BA.4 နှင့် BA.5 ဟုအများသိထားသော အိုမီခရွန်မျိုးကွဲများကြောင့် ကူးစက်နှုန်းပြန်လည်မြင့်တက်လာသည့်စင်္ကာပူတွင် ကိုဗစ်ကူးစက်မှုပေါင်း ၅,၃၀၉ ခုရှိသည်ဟုတနင်္လာနေ့ကထုတ်ပြန်ကြေငြာခဲ့သည်။အဆိုပါမျိုးကွဲနှစ်ခုသည် လွန်ခဲ့သည့်အပတ်က ကိုဗစ်ရောဂါဖြစ်ပွားမှု၏ ၄၅ ရာခိုင်နှုန်းခန့်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့တွင်ပြောကြားခဲ့ပြီး ယခင်အပတ်တွင် ၃၀ ရာခိုင်နှုန်းခန့်သာရှိရာမှ မြင့်တက်လာခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။

Source – CNA/zl(gs)

 


LEAVE A REPLY

Please enter your comment!
Please enter your name here