သဘာဝဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်အတွက်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်

0
126

သဘာဝဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်အတွက်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်

ကရင်ပြည်နယ်၊ မြဝတီမြို့ သောင်ရင်းမြစ်ကမ်းနှင့်ခွန်ဆာဝင်းသောင်ရင်းမြစ်ဘေးဘောကွင်းတို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရေဘေးအန္တရာယ်အတွက် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု့ကိုပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့က ယနေ့ဇွန် ၂၈ရက်တွင် ထုတ်ပြန်ထားသည်။

လေ့ကျင့်မှုပြုအား ယမန်နေ့ ဇွန် ၂၇ ရက်ကပြုလုပ်ခြင်းဖြစ်ပြီး၊ ရေကြီးရေလျှံမှုအန္တရာယ်များနှင့်ကြုံတွေ့လာရပါက စနစ်တကျ တုန့်ပြန်ဆောင်ရွက်နိုင်ရန်သဏ္ဍာန်တူလေ့ကျင့်ခြင်းများအပါအဝင် ရေဘေးအန္တရာယ်အသိပညာပေးနှိုးဆော်ခြင်း၊ ရေနစ်သူများအား ကူညီကယ်ဆယ်ခြင်းနှင့် ရှေးဦးပြုစုခြင်း၊ ကျန်းမာရေးဌာနသို့ ညွှန်းပို့ခြင်း၊ စာရင်းမှတ်တမ်းကောက်ယူခြင်း၊ ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းများဆီသို့ ပို့ဆောင်ကူညီခြင်းစသည့် များကို ပြုလုပ်ခဲ့ကြသည်။

အဆိုပါလေ့ကျင့်မှုတွင် မြဝတီမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ မြဝတီမြို့ပေါ်မှပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပါဝင်လ့ကျင့်ခဲ့ကြကြောင်းသိရသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့သည် သောင်းရင်းမြစ်ရေကြီးရေလျံဖြစ်ပွားမှုကြောင့် နှစ် ရေဘေးအန္တရာယ်ကို ကြုံတွေ့နေရသည့်မြို့တစ်မြို့ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here