ရန်ကုန် လှိုင်မြို့နယ်နှင့်မရမ်းကုန်းမြို့နယ်တို့တွင် မနက်ဖြန်၌ လျှပ်စစ်မီးယာယီပြတ်တောက်မည်

0
118

ရန်ကုန် လှိုင်မြို့နယ်နှင့်မရမ်းကုန်းမြို့နယ်တို့တွင် မနက်ဖြန်၌ လျှပ်စစ်မီးယာယီပြတ်တောက်မည်

ရန်ကုန်တိုင်း၊လှိုင်မြို့နယ်နှင့်မရမ်းကုန်းမြို့နယ်တို့အား လျှပ်စစ်ဓာတ်အားပေးထားသည့် 66kV ဘုရင့်နောင်-စိန်ပန်းမြိုင်ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ဇွန် ၃၀ ရက်(မနက်ဖြန်)၌ ခုတ်ထွင်ရှင်းလင်းသွားမည်ဟု YESC မှအသိပေးကြေညာခဲ့သည်။

ထိုသို့ ခုတ်ထွင်ရှင်းလင်းရာတွင် 66kV ဘုရင့်နောင်-စိန်ပန်းမြိုင်ဓာတ်အားလိုင်း၊ 66kV ဘုရင့်နောင်-ဆင်မလိုက်(၂)ဓာတ်အားလိုင်းနှင့် 6.6kV ဂုန်လျှော်-သီရိမွန်ဓာတ်အားလိုင်းတို့အား နံနက် ၉ နာရီမှနေ့လည် ၁ နာရီအထိ ဓာတ်အားယာယီပိတ် ၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ကြောင့် လုပ်ငန်းဆောင်ရွက်နေစဉ် လှိုင်မြို့ နယ်နှင့်မရမ်းကုန်းမြို့နယ်များအတွင်းရှိ နေရာအချို့၌ လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မည်ဟု YESC မှအသိပေးကြေညာခဲ့သည်။

ယင်းသို့ လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်နေချိန်တွင် အရေးကြီးနေရာများ၌ ဓာတ်အားပြတ်တောက်မှုမရှိစေရန် YESC မှအလေးထားဆောင်ရွက်သွားမည်ဟု အသိပေးကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here