၃၄ ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာနယ် ခြားကော်မတီအစည်းအဝေး၏ သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုးခဲ့

0
110

၃၄ ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာနယ် ခြားကော်မတီအစည်းအဝေး၏ သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုးခဲ့

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၃၄ ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးအား ဇွန် ၂၈ ရက်နှင့်၂၉ ရက်တို့တွင် တောင်ကြီးမြို့ရှိ တောင်ကြီးဟိုတယ်၌ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေး၏ သဘောတူညီချက်များအား မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီးအောင်စိုးနှင့်ထိုင်းကိုယ်စားလှယ်အ ဖွဲ့ခေါင်းဆောင် Lt.Gen. Apichet Suesat တို့က အတည်ပြုလက်မှတ်ရေးထိုးကာ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး အမှာစကားများပြောကြားခဲ့ကြသည်။

အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒု-ဗိုလ်ချုပ်ကြီးအောင်စိုး၊ဒု-ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီးခင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ၊ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ဆွေးနွေးခဲ့ကြသည်။

အလားတူ ထိုင်းနိုင်ငံမှကိုယ်စားလှယ်အဖွဲ့ ခေါင်း ဆောင် Lt.Gen. Apichet Suesat နှင့်အတူ အဖွဲ့ဝင်များလည်းတက်ရောက်ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here