တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေးဆွေးနွေးနေမှုများသည် အစိုးရ၏ဦးစားပေးအစီအစဉ်များအဖြစ် ဆောင်ရွက်နေခြင်းဖြစ်

0
189

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေးဆွေးနွေးနေမှုများသည် အစိုးရ၏ဦးစားပေးအစီအစဉ်များအဖြစ် ဆောင်ရွက်နေခြင်းဖြစ်

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်မှ ကမ္ဘောဒီးယားနိုင်ငံ ဒု-ဝန်ကြီး ချုပ်၊နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့်အာဆီယံ ဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ်မစ္စတာပရပ်ဆုတ်ခွန်းအား ဇွန် ၃၀ ရက်ညနေ ၄ နာရီခွဲက နေပြည်တော်လ၌ လက်ခံတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ် သည်။

တူညီဆန္ဒ(၅)ချက်အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်များ၊အာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးစင်တာ၊လက်ရှိ အာဆီယံဥက္ကဋ္ဌ၊အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့နှင့်ပူးပေါင်းဆောင်ရွက်မှုဖြင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများပေးအပ်ရေးတို့အား ပြည်ထောင်စုဝန်ကြီးကဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် အကြမ်းဖက်မှုများရပ်တန့်ရေးနှင့် ၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်၍ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးဖော်ဆောင်နေမှုတို့အား ဆွေးနွေးပြောကြားခဲ့သည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေမှုတွေဟာ အစိုးရရဲ့ ဦးစားပေးအ စီအစဉ်တွေအဖြစ် ဆောင်ရွက်နေတာပါ ဒါ့အပြင် တူညီဆန္ဒ ၅ ချက်ကို အကောင်အထည်ဖော်ရာမှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံပဋိညာဉ်နဲ့အခြေခံမူတွေအပေါ်အခြေခံပြီး အာဆီယံနဲ့ဆက်လက်ပူး ပေါင်းဆောင်ရွက်သွားမှာပါ”ဟု ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်က ကတိပြုပြောကြား သည်။

အလားတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှလည်း အာဆီယံပဋိညာဉ်နှင့်အာဆီယံ၏အဓိကမူများအား လေးစားလိုက်နာရန်နှင့်အပြန်အလှန်လေးစားမှုရှိရန်လိုအပ်သည်ဟု ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here