ရွှေဘိုမြို့နယ်၊ကော့ကျေးရွာရှိ အ.လ.က ကျောင်းအား Drone ယာဥ်သုံးကာ လက်လုပ်ဗုံးဖြင့်ဖောက်ခွဲမှုဖြစ်

0
151

ရွှေဘိုမြို့နယ်၊ကော့ကျေးရွာရှိ အ.လ.က ကျောင်းအား Drone ယာဥ်သုံးကာ လက်လုပ်ဗုံးဖြင့်ဖောက်ခွဲမှုဖြစ်

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ကော့ကျေးရွာရှိ အ.လ.က ကျောင်းအား ဇွန် ၂၉ ရက်ညပိုင်းက Drone ယာဥ်သုံးကာ လက်လုပ်ဗုံးဖြင့်ဖောက်ခွဲမှုဖြစ်ပွားခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ယင်းနေ့ည ၇ နာရီက ကော့ကျေးရွာရှိ အ.လ.ကကျောင်းဝင်းအတွင်း၌ လုံခြုံရေးတာဝန်ကျနေသည့် လုံခြုံရေးအဖွဲ့ဝင်များအား လက်နက်ကိုင်အဖွဲ့ဝင်များက ဘိုးနော်တောကျေးရွာဘက်မှနေ၍ Drone ယာဥ်သုံးကာ လက်လုပ်ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ လက်လုပ်ဗုံးသည် စာသင်ကျောင်းအမိုးပေါ်သို့ကျရောက်ပေါက်ကွဲခဲ့သဖြင့် စာသင် ကျောင်းအမိုးပျက်စီးခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များတွင် ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here