အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အာဆီယံ ပဋိညာဉ်ကို လေးစားလိုက်နာရန် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ပြော

0
148
အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အာဆီယံ ပဋိညာဉ်ကို လေးစားလိုက်နာရန် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ပြော
အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အာဆီယံ ပဋိညာဉ်နှင့် အာဆီယံ၏ အဓိကမူများကို လေးစားလိုက်နာရန်နှင့် အပြန်အလှန် လေးစားမှုရှိရန် လိုအပ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံအထူးကိုယ် စားလှယ်အား ပြောကြားခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက် ညနေပိုင်းတွင် အာဆီယံအထူး ကိုယ်စားလှယ်အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်း ဖြစ် သည်။
ထို့သို့ တွေ့ဆုံရာတွင် ပြည်ထောင်စု ဝန်ကြီးက အာဆီယံ၏ ဘုံသဘောတူညီချက် (၅)ချက် အကောင်အထည် ဖော်ခြင်း လုပ်ငန်းစဉ်များ၊ အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစင်တာ၊ လက်ရှိအာဆီယံဥက္ကဋ္ဌ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် လူသားချင်းစာနာထောက်ထားမှု အကူ အညီများ ပေးအပ်ရေးကိစ္စတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက်မှုများရပ်တန့်ရေး၊ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်၍ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နေမှုများ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေမှုများကို လည်း ရှင်းလင်းပြောကြားခဲ့သည်။
အာဆီယံ သဘောတူညီချက်(၅)ချက် အကောင်အထည် ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်နှင့် အခြေခံမူများအပေါ်အခြေခံပြီး အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထပ်လောင်း ကတိပြုခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တာဝန်ရှိသူများ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မစ္စတာ ပရပ်ဆုတ်ခွန်းနှင့် ကိုယ်စားလှယ်အဖွဲ့ တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here