ဥကရစ်ထ စစ်ဗျူဟာအရေးကြီးနေရာတစ်ခုအား အောင်မြင်စွာ သိမ်းပိုက်ရရှိဟု နစက ထုတ်ပြန်

0
253
ဥကရစ်ထ စစ်ဗျူဟာအရေးကြီးနေရာတစ်ခုအား အောင်မြင်စွာ သိမ်းပိုက်ရရှိဟု နစက ထုတ်ပြန်
ဥကရစ်ထ စစ်ဆင်ရေးခြေကုပ်စခန်းသိမ်း တိုက်ပွဲဖြစ် စဉ်များအတွင်း မိမိတို့ဘက်မှ ထိခိုက်မှုမရှိဘဲ လာရောက်တိုက်ခိုက်များသာ ထိခိုက်ကျဆုံးမှုများပြားစွာဖြင့် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားကြောင်း နစက က သ တင်းထုတ်ပြန်သည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဒေသအတွင်းက ဥကရစ်ထ စစ်ဆင်ရေး ခြေကုပ်စခန်းတွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာ့တပ်မတော် စစ်ကြောင်းအား KN LA အဖွဲ့နှင့် PDF များက ဇွန်လ ၂၆ ရက်နေ့မှ စတင် ၍ စခန်းသိမ်း တိုက်ခိုက်နေခြင်း ဖြစ်ပြီး တပ်မတော်က ခုခံတိုက်ခိုက်နေရကြောင်း နစက ထုတ်ပြန်ချက်ကဆိုသည်။
KNLA နှင့် PDF များသည် ဥကရစ်ထကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ လူနေတဲများ ရှိ ဗုံးခိုကျင်းများကို အသုံးပြုခိုအောင်း၍ တပ်မတော် စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်လျက်ရှိသဖြင့် တပ်မတော်မှလေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်ချေမှုန်းခြင်း၊ စစ်ကူစစ်ကြောင်းများအား လေကြောင်းမှတစ်ဆင့်ပို့ဆောင်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ခဲ့‌ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ ဥကရစ်ထ စစ်ဆင်ရေးခြေကုပ် ပတ်ဝန်းကျင် စစ်ဗျူဟာအရ အရေးကြီးသည့် တောင် ကုန်းကို တပ်မတော်စစ်ကြောင်းနှင့် BGF စစ်ကြောင်းတစ်ကြောင်းတို့မှ ရဲဝံ့စွန့်စားစွာဖြင့် လေကြောင်းနှင့် လက် နက်ကြီးပစ်ကူကို ထိရောက်စွာ အသုံးပြုတိုက်ခိုက်ခဲ့သည့်အတွက် ဇူလိုင်လ (၁) နေ့လယ်ပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ကြောင်း နစကက ထုတ်ပြန်သည်။
တပ်မတော်အနေဖြင့် အဆိုပါ ဒေသအတွင်း KNLA အဖွဲ့နှင့် PDF များ အခြေချနေထိုင်မှု မရှိစေရေး၊ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here