မဲခေါင် – လန်ချန်း အစည်းအဝေးတက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိ

0
81

မဲခေါင် – လန်ချန်း အစည်းအဝေးတက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၇) ကြိမ်မြောက် မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်းယီရောက်ရှိလာကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး လိုက်ပါလာသည့် အထူးလေယာဉ်သည် ယနေ့ ဇူလိုင်(၂)ရက် မွန်းလွဲပိုင်းက ညောင်ဦးလေဆိပ်သို့ ဆိုက်ရောက်လာကြောင်း သိရသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် ၂၀၁၆ ခုနှစ်ကစတင်ဆောင်ရွက်ခဲ့သည့် မဲခေါင်ဒေသအတွင်း ဖွံ့ဖြိုးမှုကွာဟချက်လျှော့ချရန်နှင့် စဉ်ဆက်မ ပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ပူးပေါင်းဆောင် ရွက်‌ရေး အစီအစဉ်တစ်ရပ်ဖြစ်သည်။

အဆိုပါ မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီ အစဉ်သည် တရုတ်နိုင်ငံမှ ကမကထပြုကာ မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့က အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် နိုင်ငံခြားရေးဝန်ကြီးများ ၏ အစည်းအဝေး တစ်ရပ်လည်း ဖြစ်သည်။

အဆိုပါ မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစည်အစဥ်ကို ဇူလိုင်လ (၃) ရက်တွင် မြန်မာနိုင်ငံ ပုဂံမြို့၌ ကျင်းပသွားမည် ဖြစ်သည်။

မစ္စတာ ဝမ်းယီကို နစက နိင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံရုံးမှ တာဝန်ရှိသူများက သွားရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။

ယခု မဲခေါင် – လန်ချန်း အစည်းအဝေးတွင် တရုတ်နိုင်ငံ အပါ အဝင် ဒေသတွင်းနိုင်ငံများနှင့် သဘောတူညီမှု စာ ချုပ်များ၊ နားလည်မှု စချွန်လွှာများ လက်မှတ်ရေးထိုးသွားရန်ရှိနေကြောင်းလည်း နစက သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here