ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ရည်မှန်းချက်ထား လုပ်ဆောင်နေဟု အာဆီယံ ကိုယ်စားလှယ်အား ဦးသန်းဌေးပြော

0
135

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ရည်မှန်းချက်ထား လုပ်ဆောင်နေဟု အာဆီယံ ကိုယ်စားလှယ်အား ဦးသန်းဌေးပြော

ရွေးကောက်ပွဲအောင်မြင်ရေး၊ အကြမ်းဖက်မှုများလျော့ နည်းပပျောက်ရေးနှင့် ဒီမိုကရေစီကိုအခြေခံသော ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ဖြစ်ထွန်းပေါ်ပေါက် ရေးအတွက် ရည်မှန်းချက်ထားပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း USDP ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက အာဆီယံအထူးကိုယ်စားလှယ်အား တင်ပြခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၂) ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံစဉ် အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်မှ နိုင်ငံရေးပါတီများနှင့် သက်ဆိုင် သောအပိုင်းများကို အတတ်နိုင်ဆုံးဖြည့်ဆည်းလုပ်ဆောင်‌ နေကြောင်း လည်း ထည့်သွင်း ပြောကြားခဲ့သည်ဟု သိရသည်။

ထို့အပြင် လတ်တလောအခြေအနေကို အကောင်းဆုံးလွန်မြောက်ရန်အတွက် ရွေးကောက်ပွဲဖြစ်မြောက်ရန်နှင့်ရွေးကောက်ပွဲကျင်းပနိုင်မည့်အခြေအနေ အခင်းအကျင်းရှိရန်လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်ဟု ပါတီသတင်းရင်းမြစ်များထံမှ သိရသည်။

လတ်တလော အကျပ်အတည်းများသည် ဖွဲ့စည်းပုံဆိုင် ရာ ပြသနာဖြစ်၍ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံအတွက် လိုက်လျောညီထွေဖြစ်မည့် အခြေခံဥပဒေဖြစ်လာစေရန် အဆင့် ဆင့်ဆောင် ရွက်သင့်ကြောင်း တင်ပြခဲ့သည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံ၏ အကျပ်အတည်းများကို အမြန် ဆုံးဖြေရှင်းလွန်မြောက်ရေးအတွက် အာဆီယံအထူး ကိုယ်စား လှယ်နှင့် အဖွဲ့ဝင်များ၏ ကြိုးပမ်းဆောင် ရွက်မှုများကိုလှိုက်လှဲစွာကြိုဆိုကြောင်း ဦးသန်းဌေးက အာဆီယံအ ထူးကိုယ်စားလှယ်ကို ပြောကြားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် USDP ပါတီဝင်များနှင့် ဝန်းရံသူများ သတ် ဖြတ်ခံရမှုနှင့် ပတ်သက်၍လည်း ဓာတ်ပုံနှင့် အချက် အလက်များကို ပြသခဲ့ကြောင်း သိရသည်။

အာဆီယံ အထူး ကိုယ်စားလှယ်နှင့် တွေဆုံပွဲသို့ ကြံ့ခိုင်ရေးပါတီ၊ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ညီညွတ်ရေးပါတီ၊ တအာင်း(ပလောင်) အ မျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီနှင့် ရခိုင်အမျိုး သားပါတီတို့မှ ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Photo- Ministry of Foreign Affairs and International Cooperation – Combodia


LEAVE A REPLY

Please enter your comment!
Please enter your name here