ရေးမြို့နယ်၌ ကားမောင်းလာသည့်အမျိုးသားတစ်ဦးအားတား၍ သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၅၀ အားလုယက်ယူဆောင်သွား

0
127

ရေးမြို့နယ်၌ ကားမောင်းလာသည့်အမျိုးသားတစ်ဦးအားတား၍ သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၅၀ အားလုယက်ယူဆောင်သွား

မွန်ပြည်နယ်၊ရေးမြို့နယ်၊ရေးမြို့နှင့်မော့ကနင်ကျေးရွာကြားရှိ ရေး-မော့ကနင်သွားကားလမ်း တွင် ဇူလိုင် ၁ ရက်က အမျိုးသားတစ်ဦးတည်းမောင်းနှင်လာသည့် ကားအားတား၍ သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၅၀ အားလုယက်ယူဆောင်သွားခြင်းခံခဲ့ရသည်ဟု သိရသည်။

ရေး-မော့ကနင်သွားကားလမ်းအတိုင်း မုဒုံမြို့သို့ကြက်စာဖိုးငွေများပေးချေရန် တစ်ဦးတည်းကားမောင်းလာသည့် ရေးမြို့၊သီရိခေမာရပ်ကွက်နေ ကိုအောင်နိုင်အား အမည်မသိအမျိုးသား ၆ ဦးက သေနတ်ပြတားဆီးခဲ့ကြပြီး ကားအားရှာဖွေကာ ငွေကျပ်သိန်း ၅၀ အားယူဆောင်သွားခဲ့ကြသည်ဟု သိရသည်။

“ကျွန်တော်သိရသလောက်ဆိုရင် ကားကိုတားပြီးရှာတယ် ကိုအောင်နိုင်ကိုလည်း ကားစတီယာရင်မှာသံကြိုးနဲ့တုတ်ကားမှန်တင်ပြီး ပစ်ထားခဲ့ကြတယ်လို့သိရတယ် ပိုက်ဆံတွေကိုလည်းယူသွားကြတယ်”ဟု ရေးမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဥ်မှအမျိုးသား ၆ ဦးသည် ပြစ်မှုကျူးလွန်ပြီးနောက်ကားဖြင့် ရေးမြို့ဘက်သို့မောင်နှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here