တာမွေ ကျားကွက်သစ် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးပေါက်ကွဲမှု ဖြစ်

0
45

တာမွေ ကျားကွက်သစ် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးပေါက်ကွဲမှု ဖြစ် 

ရန်ကုန်တိုင်း ဒေသကြီး ၊ တာမွေမြို့နယ် ၊ ကျားကွက်သစ်ရပ်ရွက် ဓမ္မစိန္တာလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် ယနေ့ မွန်းလွဲပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်သတင်းရင်းမြစ်များ ထံက သိရသည်။

ယနေ့ ဇူလိုင် (၃) ရက် ၊ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်က အ ဆိုပါ ကျားကွက်သစ် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသား တစ်ဦး အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ၂နာရီခွဲလောက်က ပေါက်ကွဲသံ အကျယ်ကြီးနဲ့ ပေါက် ကွဲတာပါ။ လူထိတာ ရှိပါတယ်” ဟု အဆိုပါ ရပ်ကွက်အ တွင်း နေထိုင်သူ တစ်ဦးက ပြောသည်။

ပေါက်ကွဲမှုသည် ရုံးအတွင်း / အပြင် မည်သည့်နေရာတွင် ဖြစ်သည်ကို အတိအကျမသိသော်လည်း ပြည်သူနှစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

” အထဲမှပေါက်တာလား၊ အပြင်မှာ ပေါက်တာလားတော့ သေချမသိဘူး။ ယောက်ျားလေး တစ်ယောက်၊ မိန်းက လေး တစ်ယောက် ထိတယ်။ ဆေးရုံကို ပို့လိုက်ကြပြီ ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာအနီးတဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here