ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ ပြန်ပိုရန် နစက အား တိုက်တွန်းခဲ့ကြောင်း အာဆီယံအထူးကိုယ်စားလှယ်ပြော

0
194

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ ပြန်ပိုရန် နစက အား တိုက်တွန်းခဲ့ကြောင်း အာဆီယံအထူးကိုယ်စားလှယ်ပြော

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ပြန်ပို့ရန်နှင့် နိုင်းငံရေးအကျဉ်းသားများကို သေဒဏ်ပေးသည့်ကိစ္စ ပြန်စဉ်း စားဖို့ အာဆီယံအထူးကိုယ်စားလှယ်က နစက ခေါင်းဆောင်းတွေကို တောင်းဆိုခဲ့ကြောင်း သိရသည်။

အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် ၎င်း၏ မြန်မာ နိုင်ငံ ခရီစဉ်အတွင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ၏ သဘောထားများကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ မကြာခင်က နိုင်ငံရေးအ ကျဉ်းသားများအား သေဒဏ်ချမှတ်မှုနှင့် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်သို့ပြန်လည်ရွှေ့ပြောင်းပေးရေး ကိစ္စများနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးခဲ့သည်ဟု အာဆီယံ ကိုယ်စားလှယ်ဖက်က သတင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အာဆီယံ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ရပ်စဲရေး တောင်းဆိုချက်ကိုလည်း ထပ်လောင်း ပြောကြားခဲ့ပြီး သွားလာရခက်ခဲသော ဒေ သများသို့ လူသားချင်းစာနာမှု အကူအညီများ လုံခြုံဘေးကင်းပြီး သမာသမတ်ကျစွာ အချိန်မီပို့ဆောင်ပေးရန်လည်း တိုက်တွန်းခဲ့ကြောင်းသိရသည်။

ထို့အပြင် လက်ရှိ မြန်မာနိုင်ငံအတွင်း ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးပြန်လွှတ် ပေးရေး ဆွေးနွေးခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်စုစုလွင်အပါအဝင် အခြား နစက အဖွဲ့ဝင်မဟုတ်သူများနှင့်ပါ တွေ့ဆုံရန်လည်း တောင်းဆိုခဲ့‌ ကြောင်းသိရသည်။

ယင်းသို့ တောင်းဆိုခဲ့သော်လည်း ဒေါ်‌စုစုလွင်သည် ကျန်း မာရေးအခြေနေအရ အထူးသံတမန်နှင့် တွေ့ဆုံခွင့်မရခဲ့သလို ဒေါ်အောင်ဆန်းစုကြည်သည် အမှုများအတွက်တ ရားစီရင်ဆိုင်စဲ အခြေနေတွင်သာရှိနေသေးသည့်အတွက်တွေ့ဆုံခွင့် မရရှိခဲ့ကြောင်း အာဆီယံကိုယ်စားလှယ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် မစ္စ တာ ပရပ်ဆွန်းခွန်သည် ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်း ဖြစ်ပြီး အာဆီယံ ဘုံသဘောတူညီချက်များကို အကောင်ထည်ဖော်ရေးအပါအဝင် မြန်မာ့နိုင်ငံရေး အကြပ်အတည်းများ ဖြေရှင်းရေး ကိစ္စရပ်များအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here