ပခုက္ကူမြို့နယ်တွင် အထည်ချုပ်စက်ရုံအလုပ်သမားများအား လစာပေးရန်ငွေကျပ်သိန်း ၂၅၀၀ ခန့်သယ်လာသည့်ကားကို လူတစ်စုမှတား၍လုယက်မောင်းနှင်သွား

0
196

ပခုက္ကူမြို့နယ်တွင် အထည်ချုပ်စက်ရုံအလုပ်သမားများအား လစာပေးရန်ငွေကျပ်သိန်း ၂၅၀၀ ခန့်သယ်လာသည့်ကားကို လူတစ်စုမှတား၍လု ယက်မောင်းနှင်သွား

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ပန်းတိုင်းခြုံကျေးရွာရှိ အထည်ချုပ်စက်ရုံမှအလုပ်သမားများအား လ စာပေးရန် လစာငွေကျပ်သိန်း ၂၅၀၀ ခန့်သယ်လာသည့်ကားအား ဇူလိုင် ၅ ရက်(ယနေ့)နံနက် ၁၁ နာရီခန့်က လူတစ်စုမှတား၍လုယက်မောင်းနှင်သွားခဲ့ကြကြောင်း သိရသည်။

ပန်းတိုင်းခြုံကျေးရွာရှိ အထည်ချုပ်စက်ရုံမှအ လုပ်သမားများအား လစာပေးရန်ငွေထုတ်၍ ပြန်လာစဥ် ပေါင်းလောင်ကန်ကျေးရွာထိပ်အရောက်တွင် အမည်မသိအမျိုးသား ၇ ဦးက ကားအားတားဆီးခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ သိရသလောက်ဆိုရင် ကားမောင်းလာတဲ့လူက ကားကိုတားတဲ့အချိန်စစ်ဆေးစရာရှိလို့တားတယ်ထင်ပြီးရပ်ပေးလိုက်တာလို့ သိရတယ် အပြည့်အစုံကတော့ ကျွန်တော်တို့မသိသေးဘူး ပိုက်ဆံကတော့ သိန်း ၂၅၀၀ လောက်ပါသွားတယ်ကြားတယ်”ဟု ပခုက္ကူမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အဆိုပါ အမျိုးသားများသည် ကားအားတားဆီးပြီးနောက် ကားပေါ်ပါလာသူများအား အောက်သို့ဆင်းခိုင်း၍ ကားကိုယူဆောင်ပြီးမောင်နှင်သွားခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် လစာငွေများနှင့်ကားအား လုယက်ယူ ဆောင်သွားသူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး လုယက်သူများမောင်းနှင်ထွက်ပြေးသွားသည့်ဘက်သို့ လုံခြုံရေးအဖွဲ့ဝင်များက လိုက်လံရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here