အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ G20 တွင်ရှားရှားပါးပါး တွေ့ဆုံမည်

0
148

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ G20 တွင်ရှားရှားပါးပါး တွေ့ဆုံမည်

ဝါရှင်တန်၊ဇူလိုင်၅

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် ဘာလီ၌ ယခုသီတင်းပတ်မှာ ကျင်းပမည့် G20 အစည်း​ဝေး၏ပြင်ပတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ရှားရှားပါးပါး တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဌာနက အင်္ဂါနေ့ (ဇူလိုင် ၅ ရက်) တွင် ပြောကြားခဲ့သည်။

အောက်တိုဘာလတွင် နောက်ဆုံးတွေ့ဆုံခဲ့ပြီး ထိုင်ဝမ်ကိစ္စအပြင်အခြား​သောပြသနာ​များ​ကြောင့် တင်းမာမှုများ မြင့်မားနေချိန်တွင် ဝမ်နှင့်ဘလင်ကန် တို့​တွေ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လကစ၍ ဆွေးနွေးပွဲများသည် ပိုမိုတိုးတက်လာပုံရပြီး စင်ကာပူနိုင်ငံ၌ ပြုလုပ်ခဲ့သည့် အစည်း​ဝေးတွင်လည်း နှစ်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်များနှင့် တွေ့ဆုံခဲ့​သေးသည်။


မတ်လတုန်းက ယူကရိန်းအရေးကို အဓိကထားဆွေးနွေးရန်အတွက် ရှီနှင့် ဘိုင်ဒင်တို့ ဖုန်းဖြင့် စကားပြောခဲ့ရာတွင် ဘေဂျင်းက ရုရှားကိုထောက်ခံခြင်းအားမေရိကန်အ​နေဖြင့် ရှုတ်ချသော်လည်း ယူကရိန်း စစ်ပွဲအတွက် အ​မေရိကန်အ​နေဖြင့်အထောက်အပံ့ကိုအနည်းငယ်သာ​ပေးသည်ကိုတွေ့ရသည်။

နိုင်ငံ​ခြား​ရေးဝန်ကြီးများဖြစ်သည့်ဘလင်ကန် နှင့်ဝမ် တို့၏ နောက်ဆုံးဆွေးနွေးပွဲမှာ ရောမမြို့၌ အောက်တိုဘာလက ပြုလုပ်ခဲ့သည့်အစည်း​ဝေးဖြစ်သည်။

Source: AFP


LEAVE A REPLY

Please enter your comment!
Please enter your name here