မလေးရှားနိုင်ငံ၌ ရောက်ရှိနေသည့် စိတ်ကျန်းမာ ရေးချို့တဲ့နေသည့် မြန်မာနိုင်ငံသားအား ပြန်ပို့ပေးနိုင်ခဲ့

0
96

မလေးရှားနိုင်ငံ၌ ရောက်ရှိနေသည့် စိတ်ကျန်းမာ ရေးချို့တဲ့နေသည့် မြန်မာနိုင်ငံသားအား ပြန်ပို့ပေးနိုင်ခဲ့

မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်နေရာမှ စိတ်ကျန်းမာရေးချို့တဲ့နေသည့် မြန်မာနိုင်ငံသားဖြစ်သူ ကိုဝင်းကျော်သည် မိသားစုဝင်များနှင့်အ ဆက်အသွယ်ပြန်ရခဲ့သဖြင့် မြန်မာနိုင်ငံသို့ပြန်ပို့ပေးနိုင်ခဲ့သည်ဟု မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

ကိုဝင်းကျော်သည် စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ဝင်းမနားကျေးရွာတွင်နေထိုင်သူဖြစ်ကာ မလေးရှားနိုင်ငံ၌ အလုပ်လုပ်နေရာမှ မိသားစုဝင်များနှင့်အဆက်အသွယ်ပြတ်တောက်နေသည်မှာ ၁၄ နှစ်ခန့်ကြာမြင့်ပြီဖြစ်ကာ စိတ်ကျန်းမာရေးချို့တဲ့နေသူဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မိသားစုဝင်များနှင့်အဆက်အသွယ်ပြန်လည်ရရှိရန် ၎င်း၏မိတ်ဆွေများမှ လူမှုကွန်ယက်စာမျက်နှာ၌ အချက်အလက်များမျှဝေခဲ့ကြသဖြင့် မိသားစုဝင်များနှင့်ပြန်လည်အဆက်အ သွယ်ရခဲ့ပြီး မိသားစုဝင်များမှ ဆေးကုသပေးရေးအတွက် မြန်မာနိုင်ငံသို့ပြန်ပို့ပေးရန် အကူအညီတောင်းခံခဲ့သဖြင့် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ တာဝန်ရှိသူများနှင့်ညှိနှိုင်း၍ ဇူလိုင် ၅ ရက်တွင် မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရာ က်ိုဗစ်(၁၉) ရော ဂါကာကွယ်ဆေးထိုးထားသည့် အထောက်အ ထားစာရွက်မှာ ပျောက်ဆုံးနေသဖြင့် Quarantine Centre ၌ရက်အနည်းငယ်နေထိုင်ရမည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here