UEC မှ SNLD ပါတီကို ရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့် အညီစစ်ဆေး

0
220

UEC မှ SNLD ပါတီကို ရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့် အညီစစ်ဆေး

SNLD ပါတီအား ရှမ်းပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဇွန် ၃၀ ရက်မှဇူလိုင် ၃ ရက်အထိ ရွေးကောက် ပွဲကော်မရှင် ဥပဒေနှင့်အညီ စစ်ဆေးခဲ့ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

UEC အဖွဲ့ဝင်ဦးသန်းစိုးနှင့် ဦးမင်းမင်းဦးတို့ ဦးဆောင်ကာ ပြည်နယ် စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များ ဦးစီး ဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သည့် စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ဥပဒေပုဒ်မ-၁၀ (ဌ)အရ နိုင်ငံရေးပါတီများ၏ ပါတီ ဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာ ရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိတို့အား စစ်ဆေးခဲ့ကြကြောင်း သိရသည်။

UEC အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှ ၂၀၂၂ ခုနှစ် ဇူလိုင် ၃ ရက်အထိ နိုင်ငံရေးပါတီ ၈၅ ပါတီကို စစ်ဆေးခဲ့ပြီး စစ်ဆေးရန်ကျန်ရှိသည့် နိုင်ငံရေးပါတီ ၇ ပါတီအား ဆက်လက်စစ်ဆေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here