မဲစာရင်းပြုစုရေးလုပ်ငန်းစဥ်များ အချိန်နှင့်တစ်ပြေးညီစနစ်တကျဆောင်ရွက်မှသာ လွတ်လပ်ပြီး မျှတသည့်ရွေးကောက်ပွဲ၊မှန်ကန်သည့်ရွေး ကောက်ပွဲ၊စာရင်းအတိအကျရှိသည့် ရွေးကောက် ပွဲဖြစ်လာမည်ဟု နစက ဒု-ဥက္ကဋ္ဌပြော

0
210

မဲစာရင်းပြုစုရေးလုပ်ငန်းစဥ်များ အချိန်နှင့်တစ်ပြေးညီစနစ်တကျဆောင်ရွက်မှသာ လွတ်လပ်ပြီး မျှတသည့်ရွေးကောက်ပွဲ၊မှန်ကန်သည့်ရွေး ကောက်ပွဲ၊စာရင်းအတိအကျရှိသည့် ရွေးကောက် ပွဲဖြစ်လာမည်ဟု နစက ဒု-ဥက္ကဋ္ဌပြော

ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၆ ရက်မွန်းလွဲ ၂ နာရီက နေပြည်တော်၌ပြုလုပ်ရာ နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“ဧပြီ ၂၁ ရက်က ထုတ်ပေးထားပြီးဖြစ်တဲ့ နိုင်ငံ သားစိစစ်ရေးကတ်ဒေတာတွေပြုစုရေး၊ဒေတာထဲ ထည့်သွင်းရေးတွေကို လူဦးရေ ၃၆၀၀ ကျော် ကွန်ပျူတာအလုံးရေ ၃၀၀၀ ကျော်နဲ့ ဆောင်ရွက်ခဲ့ပါတယ် အဲ့လိုဆောင်ရွက်ခဲ့တဲ့အတွက် ဇွန် ၂၁ ရက်မှာ လက်ရေးမူနဲ့ထုတ်ပေးထားတဲ့ နိုင်ငံသားစိစစ်ရေးကတ် ၅၁ သန်းကျော်စာရင်းကို ကွန်ပြူတာဒေတာထဲကို ၂ လအတွင်း ထည့်သွင်းနိုင်ခဲ့ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

 


ထို့ကြောင့် ဒုတိယအဆင့်အနေဖြင့် ပုံစံ ၆၆/၆ ပါ အချက်အလက်များအား ပုံစံ ၄ ရှိစာရင်းများနှင့်တိုက်ဆိုင်စစ်ဆေးရမည်ဖြစ်ကာ ယင်း လုပ်ငန်းပြီးစီးမှသာ တိုင်းနှင့်ပြည်နယ်များအပြန်အလှန်စစ်ဆေးခြင်းဆောင်ရွက်ရန် ရပ်ကွက်၊ကျေးရွာများအလိုက် မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းများအား လုပ်ဆောင်ရမည်ဟု ပြောသည်။

မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိစစ်ခြင်းပြီးစီးမှသာ နစက မှဖွဲ့စည်းပေးထားသည့် National Data Base တွင် စာရင်းဇယားများ မှန်ကန်လုံခြုံစွာရောက်ရှိမည် ဖြစ်သည်ဟု ပြောသည်။

“National Data Base Main Server မှာရှိနေတဲ့ အချက်အလက်တွေကိုသုံးပြီး သက်ဆိုင်ရာဌာနတွေအနေနဲ့လိုအပ်တဲ့ အချက်အလက်စိစစ်တဲ့ လုပ်ငန်းတွေကို လျင်လျင်မြန်မြန်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် အဆင့်(၂)နှင့်အဆင့်(၃)လုပ်ငန်းစဉ်များအား အချိန်နှင့်တစ်ပြေးညီစနစ်တကျဆောင် ရွက်မှသာ လွတ်လပ်ပြီးမျှတသည့်ရွေးကောက်ပွဲ၊မှန်ကန်သည့်ရွေးကောက်ပွဲ၊စာရင်းအတိအကျရှိသည့် ရွေးကောက်ပွဲ ဖြစ်လာမည်ဟုပြောသည်။

“ဒါ့ကြောင့် နိုင်ငံသူနိုင်ငံသားတွေနဲ့ ဌာနဆိုင်ရာတွေအတွက် အကျိုးရှိစေမယ့် လူဝင်မှုကြီးကြပ် ရေးဆိုင်ရာစာရင်းကောက်ယူခြင်းလုပ်ငန်းတွေကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here