အထူးစီးပွားရေးဇုန် ကော်မတီများနှင့် လုပ်ငန်းအချို့ကို နိုင်ငံခြားငွေမှ မြန်မာကျပ်ငွေ လဲလည်မှု ကင်းလွတ်ခွင့်ပြုခြင်းမှာ လိုအပ်ချက်အရ လုပ်ဆောင်ခြင်းဟုဆို

0
149

အထူးစီးပွားရေးဇုန် ကော်မတီများနှင့် လုပ်ငန်းအချို့ကို နိုင်ငံခြားငွေမှ မြန်မာကျပ်ငွေ လဲလည်မှု ကင်းလွတ်ခွင့်ပြုခြင်းမှာ လိုအပ်ချက်အရ လုပ်ဆောင်ခြင်းဟုဆို

အထူးစီးပွားရေးဇုန် ကော်မတီများ၏ နိုင်ငံခြားငွေစာရင်းရှိ နိုင်ငံခြားငွေများနှင့် ပတ်သက်၍ ကင်းလွတ်ခွင့်ပြုခဲ့ခြင်းမှာ နိုင်ငံခြားငွေ ကိုင်ဆောင်ထားရန် လိုအပ်သည်ကို တွေ့ရှိရသဖြင့်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်မှ တာဝန်ရှိသူ၏ ပြောကြားချက်အရသိရသည်။

ပြည်ပမှ လိုင်စင်ရဘဏ်များသို့ ဝင်လာသည့် နိုင်ငံခြားသုံးငွေများကို တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဆိုသော ညွန်ကြားချက်တွင် အကျုံးမဝင်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်များနှင့် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီများကို ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာထားမှုနှင့် ပတ်သက်၍ ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

” လုပ်ငန်း လိုအပ်ချက်အရ နိုင်ငံခြားငွေ ကိုင်ဆောင်ထားရန် နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေး ကော်မတီကို တင်ပြလာတဲ့အပေါ် ကော်မတီက အစည်းဝေး ဆုံးဖြတ်ချက်အရ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်” ဟု ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီအစည်းအဝေး အမှတ်စဉ် ၂၆/၂၀၂၂ နှင့် ၂၇/၂၀၂၂ ဆွေးနွေးဆုံး ဖြတ်ချက်အရ ကင်းလွတ်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းဝေး ဆုံးဖြတ်ချက်အရ Woori Bank Representative Office ၏ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင် ဖွင့်လှစ်ထားရှိသည့် နိုင်ငံခြားငွေစာရင်းရှိ နိုင်ငံခြားငွေများ၊ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော် မတီများနှင့် ၎င်းအောက်ရှိ ကုမ္ပဏီများဖြစ်သည့် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ကုမ္ပဏီလီမိတက်၊ ကျောက်ဖြူ သီလဝါ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက်နှင့် ထားဝယ် အထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ကုမ္ပဏီလီမိတက်တို့၏ သက် ဆိုင်ရာ နိုင်ငံခြားငွေစာရင်းမှ နိုင်ငံခြားငွေများ၊ အိန္ဒိ ယနိုင်ငံပို့ကုန်သွင်းကုန်ဘဏ်၊ China National Oil Corporation – CNUOC ( Myanmar Branch) နှင့် Panjab National Bank Yangon Representative Office တို့ အကျုံးဝင်ခြင်း မရှိကြောင်း ဖော်ပြထားသည်။

ပြည်တွင်း၌ နေထိုင်သူများသည် ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ဝင်လာသည့် ဝင်ငွေများကို အမေရိကန် တစ်ဒေါ် လာလျှင် ကျပ် ၁၈၅၀ ဖြင့် တစ်ရက်အတွင်း မြန် မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဟု ဗဟိုဘဏ်မှ ထုတ်ပြန် ကြေညာထားခြင်း ဖြစ်သည်။

နိုင်ငံခြားသုံးငွေများကို တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည့် ညွန်ကြားချက်မှ ကင်းလွတ်ခွင့်ရသည့် လုပ်ငန်းများ ၊ အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေး အေဂျင် စီများကို ဗဟိုဘဏ်မှ ဧပြီလ ၂၀ ရက် ရက်စွဲဖြင့် တစ်ကြိမ်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here