မန္တလေးမြို့ရှိ မီးရထားရိပ်သာဝင်းရှေ့၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပေါက်ကွဲမှုဆက်ဖြစ်ခဲ့ အ မျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးဒဏ်ရာရ

0
157

မန္တလေးမြို့ရှိ မီးရထားရိပ်သာဝင်းရှေ့၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပေါက်ကွဲမှုဆက်ဖြစ်ခဲ့ အ မျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးဒဏ်ရာရ

မန္တလေးမြို့၊ ၇၈ လမ်းနှင့် ၂၈ လမ်းထောင့်ရှိ မီး ရထားရိပ်သာဝင်းအရှေ့၌ ဇူလိုင် ၇ ရက်(ယနေ့) နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးနောက် ပေါက်ကွဲမှုတစ်ခုဆက်တိုက်ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

မီးရထားရိပ်သာဝင်းသည် မန္တလေးဘူတာကြီးအနီး၌ရှိကာ ယနေ့နံနက် ၁၁ နာရီခန့်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသား ၄ ဦးမှရပ်သာဝင်းရှေ့သို့ရောက်ရှိလာကာ လုံခြုံရေးအဖွဲ့ဝင်များရှိနေသည့်နေရာအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထိုသို့ ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှပြန်လည်ပစ်ခတ်ရာ လက်ပစ်ဗုံးဖြင့်ထပ်မံပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်၌ အကြော်ရောင်းသည့် အမျိုး သမီးတစ်ဦးနှင့်အခြားအမျိုးသားတစ်ဦးတို့တွင် ရင်ဘတ်၌ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူရန် ဆေးရုံသို့လူမှုကူညီရေးအသင်းကားများဖြင့်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်အား Generation Z Power(GZP)ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့(မန္တလေး) မှပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့အဖွဲ့မှထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo-Kyaw Yu Hlaing


LEAVE A REPLY

Please enter your comment!
Please enter your name here