တွံတေးမြို့ရှိ EPC ရုံးအနီး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

0
145

တွံတေးမြို့ရှိ EPC ရုံးအနီး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်တိုင်း၊တွံတေးမြို့၊အုန်းပင်စုရပ်ကွက်ရှိ မြို့နယ် EPC ရုံးအနီး၌ ဇူလိုင် ၆ ရက်ည ၈ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဥ်သည် ညပိုင်း၌ဖြစ်ပွားခဲ့ခြင်းဖြစ်၍ လူထိခိုက်ဒဏ်ရာရရှိမှုနှင့်ပျက်စီးဆုံးရှုံးမှုများမရှိခဲ့ကြောင်း သိရသည်။

“ဗုံးပေါက်သံကတော့အကျယ်ကြီးပဲဗျ ညဘက်ဖြစ်နေတော့ ရုံးကလည်းပိတ်ထားတာဆိုတော့ ဒဏ်ရာရတာမရှိဘူးပေါ့ ရုံးဖွင့်ချိန်ဆိုရင်တော့ ထိခိုက်တာတွေရှိနိုင်တယ်”ဟုဒေသခံတစ်ဦးကပြောသည်။

မြို့နယ် EPC ရုံးအား မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး)နှင့်မဟာမိတ်အဖွဲ့တို့မှ ဗုံးဖြင့်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့မှထုတ်ပြန်ခဲ့သည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့နယ် EPC ရုံးအနီးတစ်ဝိုက်နှင့်လမ်းမများပေါ်တွင် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here