၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီးအား တပ်မတော်မှ နိုင်ငံတော်သို့လှူဒါန်း

0
218

၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီးအား တပ်မတော်မှ နိုင်ငံတော်သို့လှူဒါန်း

တပ်မတော်သို့လှူဒါန်းထားသည့် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ နိုင်ငံတော်ပတ္တမြား(နစက)အဖြစ်ဂုဏ်ပြုခေါ်ဝေါ်သည့် ပတ္တမြားကြီးအား ဇူလိုင် ၇ ရက်တွင် နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၌ နိုင်ငံတော်သို့တပ်မတော်မှလှူဒါန်းခဲ့သည်။


မကြာမီက နိုင်ငံတော်နှင့်တပ်မ တော်အားချစ်မြတ်နိုးသည့် လူငယ်တစ်ဦးက ၎င်း၏မိဘဘိုးဘွားများလက်ထက်က ထိန်းသိမ်းထားသည့် ပတ္တမြားကြီးအား တပ်မတော်သို့ လှူဒါန်းရန်အတွက် ကမ်းလှမ်းလာခဲ့သည်ဟု နစက ဥက္ကဋ္ဌမှပြောသည်။


အဆိုပါ ပတ္တမြားအား တာဝန်ရှိသူများမှ စိစစ်ကြည့်ရာ အဖိုးထိုက်တန်သည့် ပတ္တမြားဖြစ်သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် တပ်မတော်မှ နိုင်ငံတော်သို့ ပေးအပ်လှူဒါန်းခြင်းဖြစ်သည်ဟု ပြောသည်။

“၁၉၉၀ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်မှာ နိုင်ငံတော်ကို ၄၉၆ ကာရက်ရှိတဲ့ ပတ္တမြားလှူဒါန်းတာကိုလက်ခံရရှိခဲ့ပါတယ် ၂၀၁၃ ခုနှစ်မှာလည်း ၁၉၀၇ ကာရက်ရှိတဲ့ပတ္တမြား နိုင်ငံတော်ကို လှူဒါန်းတာကိုလည်း လက်ခံရရှိခဲ့ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။


ယခုလှူဒါန်းသည့် ပတ္တမြားကြီးသည် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပြီး အရွယ်အစားအားဖြင့်ကြီးမား၍ နိုင်ငံတော်ပတ္တမြား(နစက)အ ဖြစ် ဂုဏ်ပြုသတ်မှတ်ခေါ်ဝေါ်မည်ဖြစ်ကာ ပတ္တမြားကြီးသည် ပွတ်ချောအမျိုးအစားဖြစ်ပြီး အပြစ်အနာအဆာကင်းစင်ပြီး မိုးကုတ်ရတနာမြေမှ ထွက်ရှိသည့် ရှားပါးပတ္တမြားဖြစ်၍ လှူဒါန်းသည့်လူငယ်အား ထိုက်တန်စွာချီးမြှင့်သွားမည်ဟုပြောသည်။


နိုင်ငံတော်သို့လှူဒါန်းသည့် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီးသည် မာခြင်းအဆင့် ၉ ရှိပြီး သိပ်သည်းဆ ၃ ဒသမ ၉၉ ရှိပြီး ခရမ်းရောင်အနည်းငယ်သန်းသည့် အနီရောင် (Red With Purplish tint)ဖြစ်ကာ မိုးကုတ်ရတနာနယ်မြေမှ ထွက်ရှိခဲ့ခြင်းဖြစ်သည်။


အဆိုပါ နိုင်ငံတော်ပတ္တမြား(နစက)လှူဒါန်းခြင်းအခမ်းအနားအား နစက ဥက္ကဋ္ဌ၊နစက ဒု- ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ကောင်စီဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊တွဲဖက်အတွင်းရေးမှူး ဒု-ဗိုလ် ချုပ်ကြီးရဲဝင်းဦး၊ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းနှင့် ဒု-ဝန်ကြီးများတက်ရောက်ခဲ့ကြသည်။

Telegram တွင်ဖတ်ရန် >>
https://t.me/popularjournal


LEAVE A REPLY

Please enter your comment!
Please enter your name here