ညောင်ဦးမြို့နယ်၌ ကားနှင့်ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းလာသူနှင့်လိုက်ပါလာသူတို့သေဆုံး

0
150

ညောင်ဦးမြို့နယ်၌ ကားနှင့်ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းလာသူနှင့်လိုက်ပါလာသူတို့သေဆုံး

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊ကုန်းတန်းကြီးကျေးရွာအုပ်စု၊နဘူးတောကျေးရွာတွင် ဇူလိုင် ၇ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယင်းနေ့ည ၉ နာရီ ၁၅ မိနစ်ခန့်က နဘူးတောကျေးရွာရှိ ညောင်ဦး-ကျောက်ပန်းတောင်းသွားကားလမ်း၏ မိုင်တိုင်အမှတ်-၂၄/၄ အနီးတွင် ကျောက်ပန်းတောင်းဘက်မှညောင်ဦးဘက်သို့ မောင်းလာသည့် DAIHATSU (အဖြူရောင်)ကားနှင့် SHYAN ဆိုင်ကယ်တို့ တိုက်မိခဲ့ခြင်းဖြစ် သည်။


ဖြစ်စဥ်အား ညောင်ဦးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးကား ၁ စီး၊အထောက်အကူပြုကား ၁ စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုး သား ၁ ဦးနှင့်ဆိုင်ကယ်ပေါ်၌ စီးနင်းလိုက်ပါလာသူ အမျိုးသမီး ၁ ဦးတို့မှာ ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ ၂ ဦး၏ရုပ်အလောင်းများအား ဂရုဏာရှင်နာရေးကူညီမှုအသင်းကားဖြင့် ညောင်ဦးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here