ထာ့ဆောင်ယန်မြို့နယ်၌ တရားမဝင်ဝင်ရောက် လာသည့် မြန်မာနိုင်ငံသား ၃၅ ဦးနှင့်ခေါ်ဆောင်လာသည့် ပွဲစား ၃ ဦးအား ဖမ်းဆီးရမိခဲ့

0
115

ထာ့ဆောင်ယန်မြို့နယ်၌ တရားမဝင်ဝင်ရောက် လာသည့် မြန်မာနိုင်ငံသား ၃၅ ဦးနှင့်ခေါ်ဆောင်လာသည့် ပွဲစား ၃ ဦးအား ဖမ်းဆီးရမိခဲ့

ထိုင်းနိုင်ငံ၊ထာ့ဆောင်ယန်မြို့နယ်ရှိ မဲ့ခမုနွဲ့-ဖနော့ခီ သွားကားလမ်းတွင် ဇူလိုင် ၆ ရက်ညပိုင်းက ထိုင်းနိုင်ငံတာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မဲ့ခမုနွဲ့-ဖနော့ခီ သွားကားလမ်းတွင် ထာ့ဆောင်ယန်မြို့နယ်မှတာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်စဥ် မောင်းနှင်လာသည့်ကား ၂ စီးအားတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ကား ၂ စီးပေါ်မှ ထိုင်းနိုင်ငံအ တွင်းသို့ ကရင်ပြည်နယ်၊ဘားအံမြို့မှလာရောက်ကာ ထိုင်းနိုင်ငံအတွင်း၌ အလုပ်လုပ်ရန်  တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုး သား ၂၅ ဦး၊အမျိုးသမီး ၁၀ ဦးနှင့်ခေါ်ဆောင်လာသည့် ပွဲစား ၃ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် တာဝန်ရှိသူများမှဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် ထာ့ဆောင်ယန်မြို့နယ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here