မြစ်ကြီးနားမြို့ရှိ အထက်တန်းရှေ့နေတစ်ဦး၏ နေအိမ်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ယာယီသိမ်းဆည်း

0
148

မြစ်ကြီးနားမြို့ရှိ အထက်တန်းရှေ့နေတစ်ဦး၏ နေအိမ်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ယာယီသိမ်းဆည်း

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊တပ်ကုန်းရပ် ကွက်၊အင်ဂျန်ဒုံအပိုင်းနေ အထက်တန်းရှေ့နေတစ်ဦးဖြစ်သည့် ဦးတင်ထွန်းသိန်းနေအိမ်အား နစက ၏လုံခြုံရေးအဖွဲ့ဝင်များက ဇူလိုင် ၈ ရက်(ယနေ့) နံနက်ပိုင်းတွင် ယာယီသိမ်းဆည်းချိတ်ပိတ်ခဲ့သည်ဟု သိရသည်။

အင်ဂျန်ဒုံရပ်ကွက်၊ဂျူပလီလမ်းရှိ အထက်တန်းရှေ့နေဦးတင်ထွန်းသိန်း၏နေအိမ်အား ယနေ့နံ နက် ၁၀ နာရီကျော်ခန့်တွင် လုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာ ဝန်ရှိသူများ၊ရပ်ကျေးအုပ်ချုပ်ရေးရုံးမှတာဝန်ရှိသူများက လာရောက်ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။

အထက်တန်းရှေ့နေဦးတင်ထွန်းသိန်း၏ နေအိမ်အားချိတ်ပိတ်ရာတွင် “အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ အကြမ်းဖက်အုပ်စုအဖြစ် သတ် မှတ်ကြေညာခြင်းခံထားရပြီး မြစ်ကြီးနားနယ်မြေရဲစခန်း(ပ)၈၀/၂၀၂၂၊အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ အမှုအရ ယာယီသိမ်းဆည်းထားသည်။”ဟု ရေးသားထားသည့် ဗီနိုင်းကပ် ထားခဲ့သည်။

ထို့ပြင် ဗီနိုင်း၌ “ဝင်ရောက်ကျူးကျော်ခြင်း၊ပြောင်းလဲခြင်း၊လွှဲပြောင်းခြင်း၊ဖျောက်ဖျက်ခြင်းများပြုပါက ဥပဒေအရအရေးယူခြင်းခံရမည်”ဟုရေးသားထားသည်။

ဦးတင်ထွန်းသိန်းသည် ဆန္ဒပြမှုဖြစ်စဥ်များ၌ ဖမ်း ဆီးခံရသူများ၊ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း၊ကျန်ဝန်ကြီးဟောင်းများ၊လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၏ အမှုများအား ရှေ့ နေအဖြစ် အခမဲ့ လိုက်ပါဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here