ရွှေပြည်သာမြို့နယ်ရှိ စက်မှုဇုန်၌ အမျိုးသား ၄ ဦးဓာတ်လိုက်၍ ကရိန်းမောင်းသူသေဆုံး

0
158

ရွှေပြည်သာမြို့နယ်ရှိ စက်မှုဇုန်၌ အမျိုးသား ၄ ဦးဓာတ်လိုက်၍ ကရိန်းမောင်းသူသေဆုံး

ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်၊အမှတ် ၁၈ ရပ်ကွက်၊စက်မှုဇုန်-၁၊ဦးချစ်ဝန်မင်းကြီးလမ်းတွင် ဇူလိုင် ၈ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ သိရသည်။

ယနေ့နံနက် ၁၁ နာရီခန့်က ဦးချစ်ဝန်မင်းကြီးလမ်း၌ ကွန်တိန်နာကအား ကရိန်းကား ၂ စီးဖြင့် ဝန်ချီတင်ဆောင်စဥ် ကရိန်းမောင်းတန်သည် ဓါတ်ကြိုးများနှင့်ထိခိုက်မိပြီး အလုပ်လုပ်နေသည့် အလုပ်သမား ၄ ဦးဓာတ်လိုက်ခဲ့ခြင်းဖြစ်သည်။

“ဓာတ်လိုက်တယ်သတင်းရလို့ ကျွန်တော်တို့ လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းက မိတ်ဖက်အသင်းတွေနဲ့အတူသွားပြီး ကူညီပေးခဲ့ပါတယ်”ဟု လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ ကိုဇော်ကြီးကပြောသည်။

ဓာတ်လိုက်ခံရသည့် အမျိုးသားများအား လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း၊ကနောင်ရှင်ရေးနာရေးကူညီမှုအသင်း(ဒညင်းကုန်းအိမ်ယာ)၊အောင်မေတ္တာလူမှုကူညီရေးအသင်းတို့မှအင်းစိန်ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့တောင်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဓာတ်လိုက်ခံရသူ အမျိုးသား ၄ ဦးအနက် ကရိန်းကားမောင်းသည့် အမျိုးသားမှာ ဆေးကုသမှုခံယူစဥ်သေဆုံးသွားခဲ့ကြောင်း သိရသည်။

“တစ်ယောက်သေဆုံးသွားတယ် ကျန်တဲ့ ၃ ယောက်ထဲက တစ်ယောက်ကလည်း သိပ်ပြီးအခြေအနေမကောင်းဘူးလို့ သိရတယ် ကျန်တဲ့ ၂ ယောက်ကတော့အခြေအနေကောင်းတယ်”ဟုလူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ ကိုဇော်ကြီးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here