ဒေါ်အောင်ဆန်းစုကြည်သည် တွေ့ဆုံဆွေးနွေးရေးအ တွက် အဓိက ဇာတ်ဆောင်နေရာတွင် ရှိနေကြောင်း အာဆီယံ အထူးကိုယ်စားလှယ်ပြော

0
99
ဒေါ်အောင်ဆန်းစုကြည်သည် တွေ့ဆုံဆွေးနွေးရေးအ တွက် အဓိက ဇာတ်ဆောင်နေရာတွင် ရှိနေကြောင်း အာဆီယံ အထူးကိုယ်စားလှယ်ပြော
ဒေါ်အောင်ဆန်းစုကြည်သည် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးအတွက် အဓိကကျသည့် ဇာတ်ဆောင်နေရာတွင် ရှိနေသည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်က ပြောကြားလိုက်သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်ခဲ့သည့် အာဆီယံအထူးကိုယ်စားလှယ်က သူ၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်သည့် သတင်း ထုတ်ပြန်မှုတွင် ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
” မြန်မာ့အရေး စောင့်ကြည့်သူ တစ်ဦးဆိုလည်း ဟုတ်တဲ့ ကမ္ဘောဒီးယား အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးကို မြှင့်တင်ဖို့နဲ့ အကြမ်းဖက်မှုမဟုတ်တဲ့ မူကိုမြှင့်တင်ပေးတဲ့နေရာမှာ အဓိကကျတဲ့ ဇာတ်ဆောင်တစ်ယောက်ဆိုတာ လက်ခံယုံ ကြည်ထားပါတယ်” ဟု အာဆီယံအထူးကိုယ်စားလှယ်ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်က ပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုသည် မြန်မာပြည်တွင်းက အ ကြမ်းဖက်မှုများ ချုပ် ငြိမ်းရေးနှင့် အကြမ်းမဖက်သည့်မူကို မြင့်တင်နိုင်မည့် အဓိကနေရာ၌ ရှိနေကြောင်းလည်း ၎င်းက သုံးသပ်ပြောကြားသည်။
အာဆီယံ အထူးကိုယ်စားလှယ်သည် ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတဟောင်း ဦးတင်ကျော်၏ ဇနီး ဒေါ်စုစုလွင်၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတို့နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့သော်လည်း နစကမှ ခွင့်ပြုချက်မရသည့်အတွက် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင်ရရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ အမှုများရင်ဆိုင်နေရဆဲ အခြေနေဖြစ်သည့် အ တွက် တွေ့ဆုံရန် နစကက ခွင့်မပြုခဲ့ကြောင်းနှင့် ဒေါ်စုစုလွင်၏ ကျန်းမာရေးအခြေနေကြောင့် တွေ့ဆုံမည့် အစီ အစဉ်အထမမြောက်ခဲ့ကြောင်း အာဆီယံအထူး ကိုယ်စား လှယ်က ဆိုသည်။
အာဆီယံ အထူးကိုယ်စားလှယ်သည် ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ‌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နေပြည်တော် အချုပ်ထောင်တွင် ထိန်းသိမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်သို့ ပြန်လည်ပို့ဆောင်ရန် တိုက်တွန်းမှုများ လုပ် ဆောင်ခဲ့သည်။
လက်ရှိတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမှုပေါင်း (၁၉) ခုဖြင့် တရားစွဲဆိုခဲ့ပြီး အမှုခြောက်မှုအတွက် ထောင်ဒဏ် (၁၁) နှစ် ချမှတ်ခြင်း ခံထားရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here