MNA‌ လေကြောင်းလိုင်းမှ ကိုရီးယားနိုင်ငံသို့ ( ရန်ကုန်-အင်ချွန်း- ရန်ကုန်ခရီးစဥ် ) ဇူလိုင် ၂၂ ရက်မှစတင်ပြေးဆွဲသွားမည်

0
198

MNA‌ လေကြောင်းလိုင်းမှ ကိုရီးယားနိုင်ငံသို့ ( ရန်ကုန်-အင်ချွန်း- ရန်ကုန်ခရီးစဥ် ) ဇူလိုင် ၂၂ ရက်မှစတင်ပြေးဆွဲသွားမည်

မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ကိုရီးယားနိုင်ငံသို့ ရန်ကုန်- အင်ချွန်း- ရန်ကုန် ခရီးစဥ်ကို လာမည့်ဇူလိုင် ၂၂ ရက်နေ့မှစတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။

လေကြောင်းလိုင်းပြေးဆွဲရာတွင် နှစ်ပတ်လျှင် တစ်ကြိမ် သောကြာနေ့တိုင်းပြေးဆွဲပေးသွားမည်ဖြစ်ပြီး Boeing 737_800 NG လေယာဉ်ဖြင့် ပျံသန်းသွားမည်ဖြစ်သည်။

ရန်ကုန်-အင်ချွန်း ခရီးစဥ်ကို ဇူလိုင်လ၂၂ ရက်တွင် ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှ မွန်းလွဲ ၁၁မိနစ်၃၀အချိန်တွင် စတင် ထွက်ခွာမည်ဖြစ်ပြီး ၁၉နာရီ ၂၅မိနစ် အချိန်တွင်ဆိုက်ရောက်မည်ဖြစ်သည်ဟု အဆိုပါလေကြောင်းလိုင်း၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ်အား နေ့စဉ်၊ ရန်ကုန်-ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်အား အပတ်စဉ် အင်္ဂါနေ့တွင် လည်းကောင်း၊ ရန်ကုန်-ဘန်ကောက်- ရန်ကုန် ခရီးစဉ်အား နေ့စဉ်ပျံသန်းလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here