အစ္စရေးနှင့် ပါလက်စတိုင်းနိုင်ငံ ခေါင်းဆောင်တို့ကြား ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုမှု ပြု

0
184
အစ္စရေးနှင့် ပါလက်စတိုင်းနိုင်ငံ ခေါင်းဆောင်တို့ကြား ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုမှု ပြု
ဂျေရုဆလင်၊ ဇူလိုင် ၈ ရက်
အစ္စရေး ဝန်ကြီးချုပ်သစ် ရာအီလ် လာပိဒ်နှင့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ သမ္မတ မာမွတ်အဘတ်စ် တို့သည် သောကြာနေ့ နံနက်ပိုင်းတွင် ဖုန်းခေါ်မှုတစ်ခုပြုလုပ်ခဲ့ပြီး အစ္စရေးနှင့် ပါလက်စတိုင်း ခေါင်းဆောင်များကြား ငါးနှစ်အတွင်း ပထမဆုံး ထိတွေ့ဆက်ဆံမှု ဖြစ်လာသည်ဟု သိရသည်။
၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်ရန်နှင့် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု လာပိဒ် ၏ရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဖုန်းခေါ်ဆိုမှု၌ အဘတ်စ်သည် လာပိဒ် ဝန်ကြီးချုပ်ဖြစ်လာခြင်းအတွက် ဂုဏ်ပြုခဲ့ပြီး လာပိဒ် သည်လည်း ပါလက်စတိုင်းခေါင်းဆောင်အား သောကြာနေ့တွင် စတင်မည့် မွတ်စလင်အားလပ်ရက် အီးဒ်အယ်လ်-ဒဟာ အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ကြောင်း သိရသည်။
အစ္စရေး၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင်​နေတန်ယာဟု နှင့် ပါလက်စတိုင်းခေါင်းဆောင် အဘတ်စ်ကြား ၂၀၁၇ ခုနှစ်၌ စကားပြောဆွေးနွေးခဲ့ခြင်းသည် နှစ်နိုင်ငံခေါင်းဆောင်များကြား ငါး နှစ်အတွင်း နောက်ဆုံးထိတွေ့ဆက်ဆံမှု ဖြစ်ခဲ့ကြောင်း သိရသည်။
အစ္စရေး ကာကွယ်ရးဝန်ကြီး ဘန်နီ ဂန့်စ် သည်လည်း ကြာဿပတေးနေ့ ညနေ့ပိုင်း၌ ရာမာလာမြို့ရှိ အဘတ်စ်ရှိရာ ရုံးသို့ သွားရောက် လည်ပတ်ခဲ့ပြီး အမေရိကန်သမ္မတ ဘိုင်ဒင်၏ အစ္စရေးခရီးစဉ် မတိုင်မီ လုံခြုံရေးနှင့် အရပ်ဘက် ညှိနှိုင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ဂန့်စ် ရုံးမှ ထုတ်ပြန်ချက်ထားသည်။
ဘိုင်ဒင်သည် မကြာမီတွင် အစ္စ​ရေး နှင့်​တွေ့ပြီးပါက ပါလက်စတိုင်း ​ခေါင်း​ဆောင်နှင့်ပါ​တွေ့မည်ဟု သတင်းများထွက်​ပေါ်​နေသည်
Source: CNN

LEAVE A REPLY

Please enter your comment!
Please enter your name here