ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာ​ဘေး ကွယ်လွန်ခြင်းသည် ဂျပန်နိုင်ငံအတွက်သာမက အရှေ့ကမ္ဘာအတွက် ဆုံးရှုံးမှုဖြစ်ကြောင်း ပြည်သူ့ပါတီ ထုတ်ပြန်

0
168

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာ​ဘေး ကွယ်လွန်ခြင်းသည် ဂျပန်နိုင်ငံအတွက်သာမက အရှေ့ကမ္ဘာအတွက် ဆုံးရှုံးမှုဖြစ်ကြောင်း ပြည်သူ့ပါတီ ထုတ်ပြန်

ဂျပန်နိုင်ငံဝန်ကြီးချုပ်အဖြစ် သက်တမ်းအရှည်ဆုံးကြာဆုံး တာဝန်ထမ်းဆောင်နိုင်ခဲ့သူ ဂျပန်ကြီးချုပ်မစ္စတာ ရှင်ဇိုအာ​ဘေး(Mr.Shinzo Abe)ကွယ်လွန်ခြင်းသည် ဂျပန်နိုင်ငံအတွက်သာမက အရှေ့ကမ္ဘာအတွက်ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ပြည်သူပါတီက ဇူလိုင် ၈ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ပြည်သူ့ပါတီ၏ ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင် အချက်၅ ချက်ပါရှိပြီး၊ မစ္စတာရှင်ဇိုအာ​ဘေးသည် မြန်မာနိုင်ငံအစိုးရအဖွဲ့နှင့်သာမက မြန်မာပြည်သူများနှင့်လည်း ရင်းနှီးကျွမ်းဝင်သူဖြစ်ကြောင်း၊ မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသော ကဏ္ဍများတွင်များစွာအထောက်အကူပေးခဲ့သူတစ်ဦးဖြစ်ကြောင်း၊ ထို့အတွက် ကျွနုပ်တို့ မြန်မာပြည်သူများအနေဖြင့် မစ္စတာရှင်ဇိုအာ​ဘေးကို ထာဝရအမြဲအမှတ်ရနေမည်ဖြစ်ကြောင်း ပါရှိသည်။

ယင်းအပြင် ၎င်းအနေဖြင့် ယခုကဲ့သို့ ရုတ်တရက်ကွယ်လွန်ရခြင်းအတွက် ဂျပန်ပြည်သူများအတွက်များစွာဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ကျွန်ုပ်တို့ပြည်သူ့ပါတီဝင်များနှင့် မြန်မာနိုင်ငံပြည်သူပြည်သားများက ဂျပန်နိုင်ငံသူနိုင်ငံသားတို့နှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာ​ဘေးသည် ဇူလိုင် ၈ ရက်နံနက်ပိုင်းက ဂျပန်နိုင်ငံ Nera မြို့တွင် မဲဆွယ်စည်းရုံးဟောပြောနေစဉ် နောက်ကျောမှ သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခံရပြီးဆေးရုံသို့ပို့ဆောင်ခဲ့ပြီးနောက်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here