ရန်ကုန်-မန္တလေးအမြန်လမ်း၌ “ရွှေလရောင်” ခရီး သည်တင်ကား တံတားဘေးချောက်အတွင်းထိုးကျ အမျိုးသား ၁ ဦးသေဆုံး

0
301

ရန်ကုန်-မန္တလေးအမြန်လမ်း၌ “ရွှေလရောင်” ခရီး သည်တင်ကား တံတားဘေးချောက်အတွင်းထိုးကျ အမျိုးသား ၁ ဦးသေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အ မှတ်-၄၅/၂ အနီးတွင် ဇူလိုင် ၁၀ ရက်(ယနေ့)နံနက် ၆ နာရီ ၂၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသည့် အမျိုးသား ၇ ဦးနှင့်အမျိုးသမီး ၄ ဦး(စုစုပေါင်း ၁၁ ဦး)လိုက်ပါလာသည့် “ရွှေလ ရောင်”ခရီးသည်တင်ကားသည် အခင်းဖြစ်နေရာအရောက် တံတားဘေးရှိချောက်အတွင်းသို့ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ထိုးကျသွားကာ လူညပ်နေသဖြင့် ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်း၊ဘောနီအမြန်လမ်းမီးသတ်စခန်း၊ဘုရားကြီးနယ်မြေမီးသတ်စခန်းနှင့်ဘုရားကြီးအရန်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

ဖြစ်စဥ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား ၁ ဦးမှာထိခိုက်ဒဏ်ရာများရ ရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုး သား ၂ ဦးနှင့်အမျိုးသမီး ၁ ဦးတို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား အမြန်လမ်းမကြီးအရေးပေါ်လူနာတင်ယာဉ်နှင့်ဘုရားကြီးအရန်လူနာတင်ယာဉ်တို့ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အလားတူ သေဆုံးသူ၏ ရုပ်အလောင်းအား ပဲခူးပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here