ထိုင်းနိုင်ငံရောက် မြန်မာနိုင်သား ၂၈၄ ဦး မြဝတီနယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ပြန်လည်ဝင်ရောက်

0
188

ထိုင်းနိုင်ငံရောက် မြန်မာနိုင်သား ၂၈၄ ဦး မြဝတီနယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ပြန်လည်ဝင်ရောက်

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသား ၂၈၄ ဦးကို ဇူလိုင်လ (၉) ရက်က မြဝတီနယ် စပ် ချစ်ကြည်ရေးတံတား အမှတ်(၂) မှ ပြန်လည် လက်ခံခဲ့ကြောင်း သိရသည်။

ထိုင်နိုင်ငံရောက် မြန်မာလုပ်သားများအား ပြန်လည် လ က်ခံခြင်းကို၂၀၂၁ ခုနှစ် ဩဂုတ်လ (၁) ရက်မှ စတင်ကာ ပြန်လည် လုပ်ဆောင်နေပြီး ယမန်နေ့က ပြန်လည်ဝင်ရောက်လာသူများကို မြန်မာအာဏာပိုင်များနှင့် တာဝ်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသည့် မြန်မာလုပ်သားများကို ကိုဗစ် -၁၉ ရောဂါ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ၎င်းတို့၏ အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြန်လည်ဝင်‌ရောက်လာသူများထဲမှ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်းသို့ ပို့ဆောင်ပေးပြီး အ ခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်နှင့် မဲကနယ် အသွား အလာကန့်သတ် စောင့်ကြည့်ရေး စခန်းတွင် (၁၀) ရက် ကြာ အသွားအလာ ကန့်သတ်ထားရှိမည် ဖြစ်ကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသူများမှာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး မှ အမျိုးသား ၂၀၀ ဦး၊ အမျိုးသ မီး ၈၄ ဦး စုစုပေါင်း ၂၈၄ ဦးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here