(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေး သုံးရက်ကြာ အစည်းအဝေး မြန်မာတက်ရောက်

0
194

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေး သုံးရက်ကြာ အစည်းအဝေး မြန်မာတက်ရောက်

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေး သုံးရက်ကြာအစည်းအဝေး ( South East Asian Games Federation  Council Meeting)သို့မြန်မာနိုင်ငံမှ သက်ဆိုင်ရာအစည်းအဝေးများအလိုက် တက်ရောက်မည့် အဖွဲ့ဝင်များ သည် ဇူလိုင်၁၀ရက် နံနက် ၁၁ ဝန်းကျင်အချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့သို့ထွက်ခွားသွားပြီဖြစ်သည်။

ယင်းအစည်းအဝေးအားအရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ချုပ် ကောင်စီက ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ ဇူလိုင် ၁၁ ရက်နေ့မှ ဇူလိုင်၁၃ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ အဖွဲ့ဝင် (၅)ဦး လိုက်ပါခဲ့ကြပြီး၊ ယလေယာဉ်အမှတ် WE 302 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ထိုမှတဆင့် ကမ္ဘောဒီးယားနိုင်ငံသို့ ဆက်လက်ထွက်ခွာသွားကြပြီဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တို့နှစ်ဦးသည်  SEAGF Council Meeting သို့ လည်းကောင်း၊  အဖွဲ့ဝင်အဖြစ်လိုက်ပါသွားသည့် ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် က SEAGF Sports  and  Rule Committee အစည်းအဝေးကို လည်းကောင်းတက်ရောက်မည်ဖြစ်သည်။

အလားတူ ညွှန်ကြားရေးမှူး ဒေါက်တာ စိုးမင်းဦး က SEAGF Medical အစည်းအဝေးကိုလည်းကောင်း၊  ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ က SEAGF Women and Sports  Committee အစည်းအဝေးကို   လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းထက်မွန် က SEAGF Broadcast Committee အစည်းအဝေးသို့  လည်းကောင်း အသီးသီးတက်ရောက်သွားမည် ဖြစ်ကြောင်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here