တကျော့ပြန် စစ်ပွဲများ ပြန်လည်မဖြစ်ပွားလာစေရေး စစ်ရေးတင်းမာနေမှုကို လျှော့ချရန် ရခိုင့်ဦးဆောင်ပါတီ တောင်းဆို

0
193

တကျော့ပြန် စစ်ပွဲများ ပြန်လည်မဖြစ်ပွားလာစေရေး စစ်ရေးတင်းမာနေမှုကို လျှော့ချရန် ရခိုင့်ဦးဆောင်ပါတီ တောင်းဆို

ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်ကာ စစ်ပွဲများဖြစ် ပွားမလာစေရန် လက်ရှိစစ်ရေးတင်းမာနေမှုကို လျှော့ချပြီး တွေ့ဆုံညှိနှိုင်းမှုများ လုပ်ဆောင်ဖို့ ရခိုင့်ဦးဆောင်ပါ တီက တောင်းဆိုလိုက်သည်။

ရခိုင့်ဦးဆောင်ပါတီက ဇူလိုင်လ (၁၁) ရက် ရက်စွဲဖြင့် အ ချက်(၇) ချက်ပါ ထုတ်ပြန်ချက် ထုတ်ပြန်ကာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ရခိုင်စစ်ပွဲ တစ်ကျော့ပြန် မဖြစ်ပွားရေးမှာ ရခိုင်ပြည်သူ များ၏ ဆန္ဒဖြစ်ပြီး နှစ်ဘက်တင်းမာမှုများကို လျှော့ချနိုင်သည့် နည်းလမ်းများဖြင့် အပြန်အလှန် ချဉ်းကပ်ကြရန် အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြတောင်းဆိုထား သည်။

” လူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံဖို့ပေါ့ဗျာ။ မြေဇာပင် မဖြစ်ဖို့ပေါ့။ လက်နက်ကိုင်အဖွဲ့ နှစ်ခုက ဆွေးနွေးဖို့လိုတယ်။ ဆွေးနွေးကြပါ။ ဆွေးနွေးပြီးတော့မှ ကိုယ်လိုချင်တဲ့ဟာကို ရအောင်ယူကြပါ။ တစ်ဖက်ကလည်း အင်အားကြီးတယ်ဆိုပေမယ့်လို့လည်း သဘောထား ကြီးပေးပါ ။ ဖမ်းတာဆီးတာတွေ ရပ်ပါ။ အရပ်သားတွေကို မဖမ်းပါနဲ့ စသဖြင့်ပေါ့ဗျာ ” ဟု ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပေါ်ပြူလာနယူးစ်နှင့် အင်တာ ဗျူးတွင် ထည့်သွင်း ပြောကြားထားသည်။

လက်ရှိ အမှုရင်ဆိုင်နေရသည့် အရပ်သားကိုလည်း အမှုတစ်မှုချင်းအလိုက် တရားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းဘောင်အတွင်းမှ စွဲဆိုမှုများ ရပ်တန့်ကာ ပြန်လွှတ်ပေးပြီး တင်းမာမှုကို လျော့ပါးစေလိုကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိုင်းနှင့် စစ်လက်ကျန် ပစ္စည်းများ ရှင်းလင်းရေး၊ အများပြည်သူ ကုန်စည်စီးဆင်းရာ လမ်းကြောင်းများကို ပိတ်ဆို့ခြင်း ကြန့်ကြာစေခြင်းများမပြုလုပ်ရန်၊ လယ်သမားများလယ်ယာလုပ်ငန်းခွင် ဖြောင့်ဖြောင့်တန်းတန်းလုပ်ကိုင်နိုင်ရန် စသည့်အချက်များကိုလည်း ရခိုင့်ဦး ဆောင်ပါတီက တောင်းဆိုထားသည်။

ထို့အပြင် အကာအကွယ် ရထိုက်သည့် လူအစုအဖွဲ့တစ် ရပ်ရပ်အား လုံးစုပစ်မှတ်ထား ဒဏ်ပြုသည့် နည်းနာများကိုလည်း ရှောင်ကြဉ်ကြရန် တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ၊ ၂၀၁၈ မှ စကာ စစ်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံ ၃ သိန်းကျော် စစ်ဘေးဒဏ်သင့်ခဲ့ကြောင်း ၊ လက်ရှိအခြေအနေတွင် တကျော့ပြန်စစ်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်သည့်အရိပ်အယောင်ကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများနှင့် ကြုံတွေ့နေရကြောင်း ဒေါက်တာအေးမောင်က ပေါ်ပြူလာနယူးစ်သို ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here