မန္တလေး၌ ယနေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သည့် လူသတ်ဓားပြတိုက်မှုတွင် ငွေကျပ် သိန်း ၄၀၀၀ ပါသွား

0
327
မန္တလေး၌ ယနေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သည့် လူသတ်ဓားပြတိုက်မှုတွင် ငွေကျပ် သိန်း ၄၀၀၀ ပါသွား
 
ယနေ့ ဇူလိုင်လ (၁၁) ရက် နေ့လယ် (၁) နာရီဝန်းကျင်က မန္တလေးတိုင်းဒေသကြီး ၊ ချမ်းမြသာစည်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ် ဓားပြတိုက်မှုတွင် ငွေကျပ် သိန်း ၄၀၀၀ ဝန်းကျင် ဓားပြတိုက်သူများနောက်သို့ ပါသွားကြောင်း သိရသည်။
 
ချမ်းမြသာစည် မြို့နယ်၊ ထွန်တုံးရပ်ကွက် ၊ မနော်ဟရီလမ်းနှင့် လမ်း (၅၀) ထောင့်ရှိ နေအိမ်တစ်အိမ်တွင် ယနေ့ နေ့လယ်ပိုင်းက ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး အသက် (၆၀) ဝန်းကျင်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို ဓားပြတိုက်သူ များက သေနတ်ဖြင့် ပစ်သတ်သွားခြင်း ဖြစ်သည်။
 
” သေသွားတဲ့ အမျိုးသမီးက ဘဏ်က ငွေထုတ်ပြီး ပြန် လာတာ ။ အိမ်ရှေ့ရောက်မှ အပစ်ခံရတာ။ သိန်း ၄၀၀၀ လောက်ပါသွားတယ်။ ကားတော့ ပြန်တွေ့ပြီ။ ပိုက်ဆံက တော့ ပါသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
 
သေဆုံးသူ အမျိုးသမီးသည် ယနေ့ နံနက်ပိုင်းတွင် ဘဏ်သို့ ငွေသွားရောက် ထုတ်ယူပြီး နေအိမ်သို့ ကားဖြင့် ပြန်လာစဉ် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်း ဖြစ်သည်။
 
‌ပစ်ခတ်ခံရသူအမျိုးသမီးအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားကြောင်းနှင့် ဓားပြတိုက်စဉ်က ယူဆောင်သွားသည့် မော်တော်ယာဉ်ကို လမ်း (၅၀) နှင့် (၁၀၇) လမ်းထောင့်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
 
မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ၊ (၃၁) လမ်း၊ (၃၂) လမ်းကြား ၈၅(A)လမ်းရှိ စိန်ကျော်မိုး စိန်သန့်စင် လုပ် ငန်း တွင်လည်း ယနေ့ နံနက်ပိုင်းက အမျိုးသား (၃) ဦး အနုကြမ်းစီးသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
 
အလားတူ မန္တလေး မြို့သစ်ဖက်တွင်လည်း ယနေ့ နေ့ လယ်ပိုင်းက အနုကြမ်းစီးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိခဲ့သော်လည်း ပေါ်ပြူလာနယူးစ်မှ အသေး စိတ် အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။
 
ရန်ကုန်မြို့ လမ်းမတော် မြို့နယ်ရှိ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်နှင့် ဆိုင် (၂) နေရာတွင်လည်း ‌အနုကြမ်းစီး ဓားပြတိုက်မှုများ ဖြစ်ပွားခဲ့ပြီး ငွေကျပ် သိန်း ၆၀၀ ဝန်းကျင် ပါသွားကြောင်း သိရသည်။
 
Telegram တွင်ဖတ်ရန်>>
https://t.me/popularjournal

LEAVE A REPLY

Please enter your comment!
Please enter your name here