ဂျပန်ပါလီမန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေး၏ပါတီမှ သိသိသာသာအနိုင်ရရှိ

0
153

ဂျပန်ပါလီမန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေး၏ပါတီမှ သိသိသာသာအနိုင်ရရှိ

တိုကျို၊ဇူလိုင် ၁၁

ဂျပန်အာဏာရပါတီဖြစ်သည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) နှင့် ၎င်း၏ညွန့်ပေါင်း Komeito ပါတီတို့သည် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာ‌ဘေးလုပ်ကြံခံရပြီးနောက်  ပါလီမန်တွင်သိသာထင်ရှားစွာအနိုင်ရရှိခဲ့သည်။သို့သော်သူ၏သေဆုံးမှုသည် ပါတီစည်းလုံးညီညွတ်မှုအပေါ်သက်‌ရောက်မှုရှိမရှိ ကိုမူမသေချာ‌သေးပေ။

ပါတီနှစ်ခုစလုံးသည် အထက်လွှတ်တော်အမတ်နေရာတွင် ယခင်ကထက်သိသိသာသာတိုး၍အနိုင်ရခဲ့သည်။အမတ်နေရာ ၂၄၈ ခုအနက် ၁၄၆ နေရာအထိတိုး၍အနိုင်ရရှိခဲ့ကာ ထိုပမာဏသည်အထက်လွှတ်တော်၏နေရာအများစုဟုဆိုနိုင်သည်။ယခုအနိုင်ရရှိမှုသည် ဝန်ကြီးချုပ် Fumio Kishida ၏ ရာထူးသက်တမ်းကို ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီအထိ ဆက်လက်တာဝန်ယူနိုင်စေမည်ဖြစ်သည်။

မစ္စတာအာဘေးကို ဆုံးရှုံးလိုက်ရပြီး ၎င်းမပါဘဲသူ၏ပါတီကို ပေါင်းစည်းရမည့်စိန်ခေါ်မှုများကြောင့် ဝန်ကြီးချုပ် Kishida သည် အောင်ပွဲရရှိမှုကို သဘောကျသော်ငြားပြုံးပျော်နိုင်ခြင်းမရှိခဲ့ပေ။ဝန်ကြီးချုပ်က “ပါတီစည်းလုံးညီညွတ်ရေးက တခြားအရာတွေထက် ပိုအရေးကြီးပါတယ်” ဟု AP သို့ထပ်လောင်းပြောကြားခဲ့သည်။

ပါတီရွေးကောက်ပွဲဌာနချုပ်တွင် ဝန်ကြီးချုပ် Kishida နှင့် ထိပ်တန်းပါတီအမတ်များသည် အနိုင်ရအမတ်လောင်းများ၏အမည်စာရင်းကို ကြော်ငြာဘုတ်တွင်မရေးသားမီ မဲဆွယ်ကမ်ပိန်းအတွင်း လုပ်ကြံခံခဲ့ရသည့် အသက် ၆၇ နှစ်အရွယ် မစ္စတာအာဘေးအတွက် ခေတ္တငြိမ်သက်ကာဝမ်းနည်းကြောင်းပြသခဲ့ကြသည်။ 

မစ္စတာရှင်ဇိုအာဘေး၏သေဆုံးမှုသည် စာနာမဲများကိုလည်းရရှိစေနိုင်ခဲ့ပြီး တနင်္ဂနွေနေ့ရွေးကောက်ပွဲတွင် ထောက်ခံမဲပေးသူ ၅၂ ရာခိုင်နှုန်းရှိခဲ့ကာ ယခင်နှစ်က ၄၈ ဒသမ ၈ ရာခိုင်နှုန်းသာရှိခဲ့သည် ဟုသိရသည်။

Kishida သည် ၎င်းပါတီဝင်များဆန္ဒရှိသည့်အမျိုးသားလုံခြုံရေး၊စစ်ပြီးခေတ် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်းလဲရန် ကဲ့သို့သော ရေရှည်လုပ်ဆောင်မှုများကို အာရုံစိုက်သွားမည်ဖြစ်သည်။ ကိုဗစ်၊ ရုရှား – ယူကရိန်းအ‌ရေးနှင့် စျေးနှုန်းများမြင့်တက်မှုသည်လည်း ၎င်း၏ထိပ်တန်းဦးစားပေးဖြစ်ကြောင်းပြောကြားခဲ့သည်။ဖွဲ့စည်းပုံပြင်ဆင်ရေးအပြင် ဂျပန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ခိုင်မာစေရေးအတွက်လည်းဆက်လက် ထောက်ခံအားပေးသွားမည်ဟု Kishida ကပြောကြားခဲ့သည်။

သို့သော်လည်း ရှင်ဇိုအာဘေးသေဆုံးမှုသည် သိသာထင်ရှားသောပြောင်းလဲမှုတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ပြီး ဂျပန်နိုင်ငံ၏ လက်ရှိလုံခြုံရေးနှင့် သံတမန်ရေးရာ ရပ်တည်ချက် ပြောင်းလဲလာမည်ကို သံသယဖြစ်စေခဲ့သည်။၎င်း၏လက်တွေ့ကျသောမူဝါဒများနှင့် အစွန်းရောက်အမျိုးသားရေးအမြင်များ အထူးသဖြင့် တရုတ်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့ကြောင့် မစ္စတာအာဘေးသေဆုံးမှုသည် အငြင်းပွားဖွယ်ရာများစွာကိုဖြစ်ပေါ်စေခဲ့သည်။

Source – WioNews


LEAVE A REPLY

Please enter your comment!
Please enter your name here