နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်း (၅) ခုအပါအဝင် လုပ်ငန်းသစ် (၁၉) ခုကို အစိုးရမှ လုပ်ကိုင်ခွင့်ပြု

0
184

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်း (၅) ခုအပါအဝင် လုပ်ငန်းသစ် (၁၉) ခုကို အစိုးရမှ လုပ်ကိုင်ခွင့်ပြု

နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်း (၅) ခုအပါအဝင် လုပ်ငန်းသစ် (၁၉) ခုကို မြန် မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က လုပ်ကိုင်  ခွင့်ပြုလိုက်ကြောင်း သိရသည်။

ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၌ ကျင်းပသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/ ၂၀၂၂) ကြိမ်မြောက်အ စည်းအဝေးတွင် ယခုကဲ့သို့ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးမှ ခွင့်ပြုခဲ့သည့် လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အမျိုးအစားဖြစ်သည့် နေ ရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးရုံတည်ဆောက် ၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်း (၅)ခုနှင့် စက် မှုကဏ္ဍ၊ဝန်ဆောင်မှုကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၁၉) ခုကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၁) ခု ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းကိုလည်း ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။

ခွင့်ပြုပေးလိုက်သည့် လုပ်ငန်း (၁၉) ခု၏ ရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၈၀၇ ဒသမ ၁၅ ၅) သန်းနှင့် ငွေကျပ် (၃၂၁,၉၄၈ ဒသမ ၇၅၂) သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃,၁ ၀၀) ကျော်ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင် ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ယနေ့အချိန်အထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းပေါင်း (၂၀)က စုစုပေါင်း အမေရိကန်ဒေါ်လာ (၈၂၉ ဒသမ ၁၄၆) သန်း၊ နိုင် ငံသား ရင်းနှီးမြှုပ် နှံမှု လုပ်ငန်း(၂၁)ခုက စုစုပေါင်းငွေကျပ် (၃၅၀,၉၄၇ ဒသမ ၃၄၇) သန်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြပြီး အဆိုပါ လုပ်ငန်းများမှ အလုပ်အ ကိုင် ခွင့်အလမ်းပေါင်း (၁၃,၀၀၀)ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here