အာဇာနည်ဗိမာန်ပြင်ဆင်နေမှုများ ရာခိုင်နှုန်းပြည့်ပြီးစီး

0
691

အာဇာနည်ဗိမာန်ပြင်ဆင်နေမှုများ ရာခိုင်နှုန်းပြည့်ပြီးစီး

၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအား ဇူလိုင် ၁၉ ရက်၌ အာဇာနည်ဗိမာန်တွင်ကျင်းပမည်ဖြစ်၍ ပြင်ဆင်မှုများပြုလုပ်ခဲ့ရာ လက်ရှိအ ချိန်တွင် ရာခိုင်နှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်၊အင်ဂျင်နီယာဌာန(အ ဆောက်အအုံ)မှ သိရသည်။

အာဇာနည်ဗိမာန်ပြင်ဆင်မှုအား ရန်ကုန်မြို့တော်စည်ပင်၊အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ဇွန် ၁ ရက်မှစတင်၍ အပိုင်း ၃ ပိုင်းခွဲကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“အာဇာနည်ဗိမာန်ပြင်ဆင်မှုအနေနဲ့ အာဇာနည်ဗိ မာန်ရင်ပြင်ကိုမွန်းမံပြင်ဆင်တာ အာဇာနည်ဗိမာန်ဝင်းထဲမှာရှိတဲ့ ရေမြောင်းတွေ လျှောက်လမ်းတွေ ဂရပ်ဖစ်ဘုတ်တွေပြင်ဆင်တာ နောက် အာဇာနည်ဗိမာန်အပြင်ဘက်က ဆက်စပ်နေတဲ့ဧရိယာတစ် လျှောက်မှာရှိတဲ့ အဆောက်အဦးနဲ့ရေမြောင်းတွေခြံစည်းရိုးတွေ ပြုပြင်မွန်းမံထိန်းသိမ်းတာကို ဇွန် ၁ ရက်ကစပြီးလုပ်ငန်း ၃ ခုလုံးကိုတစ်ပြိုင်ထဲဆောင်ရွက်ခဲ့ပါတယ် အခုရာနှုန်းပြည့်ပြီးစီးနေပါပြီ”ဟု YCDC အင်ဂျင်နီယာဌာန(အဆောက်အအုံ) ၏ ဒု-ညွှန်ကြားရေးမှူးဦးစောနိုင်ကပြောသည်။

အဆိုပါ လုပ်ငန်းများအား စတင်လုပ်ဆောင်ရာ တွင် အာဇာနည်ဗိမာန်ရင်ပြင်၊ကျောက်များ၊ ကြမ်းခင်းများအား ဦးစွာသန့်ရှင်းရေးပြုလုပ်၍ အာဇာနည်ဗိမာန်အား ဆေးသုတ်မွန်းမံခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“အာဇာနည်ဗိမာန်ကြီးကို ကျွန်တော်တို့က နှစ်စဥ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်”ဟု ဒု-ညွှန်ကြားရေးမှူးဦးစောနိုင်ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here