ကိုဗစ် ကူးစက်မှုများရှိနေဦးမည်ဖြစ်သည့်အတွက် သက်ကြီးရွယ်အိုနှင့် ထိခိုက်လွယ်သူများကို ကြိုတင်ကာကွယ်ရန် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ညွန်ကြား

0
197

ကိုဗစ် ကူးစက်မှုများရှိနေဦးမည်ဖြစ်သည့်အတွက် သက်ကြီးရွယ်အိုနှင့် ထိခိုက်လွယ်သူများကို ကြိုတင်ကာကွယ်ရန် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ညွန်ကြား

ကိုဗစ် – ၁၉ ရောဂါ ဆက်လက်ဖြစ်ပွားနေဦးမည်ဖြစ်သ ဖြင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများနှင့် ထိခိုက်လွယ်သည့် အုပ်စုများကို အကာအကွယ်ပေးနိုင်ရန် ကြို တင်စီမံသွားရမည်ဟု နစက ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

ဇူလိုင်လ ၁၁ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

” ကိုဗစ် – ၁၉ ကြောင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါသည်များနှင့် အမျိုးသမီးများ စသည့် ထိခိုက်လွယ်အုပ်စုများကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆက်လက်စီမံ ဆောင် ရွက်ပေးကြရမည်ဖြစ်ပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

ထို့အပြင် လူမှုစီးပွား ရေးဆိုင်ရာ အနေအထားများအပေါ် ရေရှည်အကျိုးသက်ရောက် နိုင်မှုများရှိလာနိုင်မည်ကို ကြိုတင်ခန့်မှန်း တွက်ချက်ထားပြီး  ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ထားသင့်ပြောင်းလည်း ၎င်းကပြောသည်။

ကိုဗစ် – ၁၉ ရောဂါ ကူးစက်မှုသည် လက်ရှိတွင် တစ်ကျော့ပြန် ပြန်လည်မြင့်တက် လာနေသည့်အတွက် ကြို တင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြရန် ကမ္ဘာ့ကျန်း မာရေးအဖွဲ့(WHO) အပါအဝင် ဒေသတွင်းအစိုးရများနှင့်  ကျန်းမာရေးအဖွဲ့အစည်းများက သတိပေးမှုများ လုပ် ဆောင်လျက်ရှိသည်။

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် Omicron အမျိုးအစား ၏ BA.4 နှင့် BA.5 မျိုးစိတ်ကူးစက်မှုနှုန်းသည် အိန္ဒိယ ၊ ဥရောပနှင့် အမေရိကတို့တွင် ရောဂါကူးစက်မှုနှုန်းဟာ ပြန်လည်မြင့်တက်လာနေပြီး တစ်ကမ္ဘာလုံး အတိုင်းအ တာဖြင့် ယခုသီတင်းပတ်အပါအဝင် ပြီးခဲ့သည့် သီတင်း ပတ် (၂) ခုအတွင်း (၃) ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း WHO က အသိပေးထားသည်။ 

ထို့အပြင် သက်ကြီးရွယ်အိုများ၊  ဆေးကုသရေးဝန်ထမ်းများအပါအဝင် ကူးစက်နိုင်ချေမြင့်မားသူများအတွက် ဖြည့်စွက် ကာကွယ်ဆေးထိုးနှံမှုများ လုပ်ဆောင်ရန်နှင့်  လူထူထပ်သည့် နေရာများ၊ လေဝင်လေထွက်နည်းသည့် အခန်းအတွင်း ရှိနေချိန်များတွင် ပါးစပ်နှင့် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ထားကြရန်လည်း WHO က ဝိုက်တွန်းထားသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ် – ၁၉ ရောဂါကူးစက်ခံရသူ ထောင်နှင့်ချီ မြင့်တက်ခဲ့ပြီး သေဆုံးသူ ဒါဇင်ပေါင်းမျာစွာ ရှိလာနေသည်။

မြန်မာနိုင်ငံတွင်လည်း ဇူလိုင်လ (၁) ရက်မှ (၁၁) ရက်အတွင်း ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရသူ ၁၅၀ ကျော်အထိအထိရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here