မြန်မာနိုင်ငံသား ၂၇၀ ဦး လာအိုနိုင်ငံမှ တာချီလိတ်မြို့နယ်သို့ ပြန်လည်ဝင်ရောက်လာ

0
239

မြန်မာနိုင်ငံသား ၂၇၀ ဦး လာအိုနိုင်ငံမှ တာချီလိတ်မြို့နယ်သို့ ပြန်လည်ဝင်ရောက်လာ

မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၇၀ ဦးသည် လာအိုနိုင်ငံ၌ အလုပ်အကိုင်အဆင်မပြေမှုကြောင့် ရှမ်းပြည်(အရှေ့ပိုင်း)၊တာချီလိတ်မြို့နယ်သို့ ဇူ လိုင် ၁၁ ရက်နံနက် ၁၀ နာရီက ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ဝမ်ပုံဆိပ်ကမ်းသို့ လာအိုနိုင်ငံ၊မိန်းမောဆိပ်ကမ်းမှတဆင့် စက်လှေများဖြင့်ပြန်လည်ဝင်ရောက် လာခြင်းဖြစ်ပြီး လာအိုနိုင်ငံမှတာဝန်ရှိသူများက လွှဲပြောင်းအပ်နှံခဲ့သဖြင့် တာချီလိတ်ခရိုင်၊မြို့ နယ်မှတာဝန်ရှိသူများက လက်ခံခဲ့ကြသည်။

အလားတူ တာချီလိတ်ခရိုင်၊မြိုနယ် ကြက်ခြေနီ အသင်းဝင်များ၊လူမှုကူညီရေးအသင်းဝင်များမှလည်း ပြန်လည်ဝင်ရောက်လာသူများအား တစ်ကိုယ်ရေသုံးပစ္စည်းမျိုးစုံတစ်အိတ်စီနှင့်ထမင်းထုတ်များ၊ရေသန့်ဗူးများအား ထောက်ပံ့ပေးခဲ့ကြသည်။

ထို့ပြင် ကျန်းမာရေးဝန်ထမ်းများမှလည်း လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီးနောက် ကိုဗစ်(၁၉)ရောဂါကူးစက်ခံထားရခြင်း ရှိ၊မရှိအား RDT Test Kit များဖြင့် စစ်ဆေးခဲ့ကြသည်။

အလားတူ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးနှံရခြင်းမရှိသူများအား ဟောင်လိတ်ရပ်ကွက်ရှိ စံလင်းဖြိုး Quarantine Center တွင်အသွားအလာကန့်သတ်စောင့်ကြည့်သွားမည်ဖြစ်ကာ ကာကွယ် ဆေးအကြိမ်ပြည့်ထိုးပြီးသူများအား ၎င်းတို့၏ နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ် သည်။

လာအိုနိုင်ငံမှပြန်လည်ဝင်ရောက်လာသည့် မြန် မာနိုင်ငံသား ၂၇၀ ဦးအနက် ၂၀၈ ဦးမှာ ကိုဗစ် (၁၉)ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးသူများဖြစ်ကာ ၆၂ ဦးမှာ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးနှံထားပြီးခြင်းမရှိသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here