ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲနှင့်ဓမ္မစကြာအခါတော်နေ့ မင်္ဂလာအခမ်းအနားများကျင်းပ

0
473

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲနှင့်ဓမ္မစကြာအခါတော်နေ့ မင်္ဂလာအခမ်းအနားများကျင်းပ

                                                                                               ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ ဇူလိုင် ၁၂ ရက်(ယနေ့)နံနက်ပိုင်းမှစ တင်၍ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)နှင့်ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ မင်္ဂလာအ ခမ်းအနားများအား ကျင်းပခဲ့သည်။


ထိုသို့ ကျင်းပရာ နံနက် ၅ နာရီ၌ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့်ဝန်ထမ်းများမှ ရွှေတိ ဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီးကပ်လှူပူဇော်ပြီး နံနက် ၆ နာရီတွင် ရင်ပြင်တော်တောင်ဘက်၊ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဓမ္မစကြာဒေသနာတော် စု ပေါင်းရွတ်ဆိုပူဇော်ခဲ့ကြသည်််။


ထို့နောက် နံနက် ၇ နာရီတွင် ဝါဆိုရွှေကြာသင်္ကန်းများအား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန် ဆောင်းရှေ့စုရပ်မှ ရင်ပြင်တော်တစ်ပတ်လှည့်လည်ပူဇော်၍ အရှေ့ဘက်အာရုံခံမုခ်ဦးရှိ ကကုသန္ဓရုပ်ပွားတော်၊တောင်ဘက်အာရုံခံမုခ်ဦးရှိ ကောဏဂမနရုပ်ပွားတော်၊အနောက်ဘက်အာရုံခံမုခ်ဦးရှိ ကဿပရုပ်ပွားတော်၊မြောက်ဘက်အာရုံ ခံမုခ်ဦးရှိ ဂေါတမရုပ်ပွားတော်နှင့်အထက်ပစ္စယံပတ္တမြားမျက်ရှင်ရုပ်ပွားတော်တို့အား ဝါဆိုရွှေကြာသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


အလားတူ နံနက်  ၉ နာရီခွဲ၌ ရေစက်ချအခမ်းအ နားနှင့်ဝါတွင်းသီလခံယူပွဲအား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ကျင်းပရာ ရန်ကုန် တိုင်းဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ဗုဒ္ဓဝေ ယျာဝစ္စအသင်းအဖွဲ့များ၊ဝန်ထမ်းများနှင့်ဘုရား ဖူးများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ၊ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယကဆရာတော်၊ အဂ္ဂမ ဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိ  ဘဒ္ဒန္တပဝရာဘိဝံသထံမှ သီလခံယူဆောက်တည်ကြသည်။ 


ထို့နောက် ကြွရောက်တော်မူလာကြသည့် ဆရာ တော်၊သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများအား ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများက ဆက်ကပ်လှူဒါန်းကာ တိပိဋကမဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်၊ တိပိဋကဓရ-ဓမ္မဘဏ္ဍာ ဂါရိက၊ အဂ္ဂမဟာပဏ္ဍိ တ၊ တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့သြဝါဒါစရိယ ဘဒ္ဒန္တဝါယာမိန္ဒာ ဘိဝံသ(ရေစကြိုဆရာတော်)ထံမှ အနုမောဒနာတရားနာကြား ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here