လှိုင်သာယာ (၅)ထိပ် ပန်းခြံအနီး ဗုံးပေါက်ကွဲ ၊ (၂) ဦး ဒဏ်ရာရပြီး (၁) ဦးစိုးရိမ်ရ

0
249

လှိုင်သာယာ (၅)ထိပ် ပန်းခြံအနီး ဗုံးပေါက်ကွဲ ၊ (၂) ဦး ဒဏ်ရာရပြီး (၁) ဦးစိုးရိမ်ရ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၅) ထိပ်ပန်း ခြံအနီးတွင် ယနေ့ ဇူလိုင်လ (၁၂) ရက် မွန်းလွဲ (၂) နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနီးရှိ အ မျိုးသား (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ သတင်း ရင်းမြစ်တစ်ဦးက ပြောသည်။

” ညီမရှေ့တင် ဖြစ်တာ။ ယောက်ျားလေး (၂) ယောက်ထိသွားတယ်။ တစ်ယောက်က အနီရောင်အဆင့်ပါ။ စိုးရိမ်ရတယ်” ဟု အဆိုပါ ဒေသခံအမျိုးသမီးက ပြောသည်။

လှိုင်သာယာမြို့နယ်၊ (၅) ထိပ်ပန်း ခြံအနီး ၊ ညောင်တုန်းလမ်းနှင့် ပီမိုးနင်း လမ်းထောင့်အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲရာ နေရာသို့ စစ်တပ်မှ ပိတ်ဆို့ရှင်းလင်းကာ စစ်ဆေးမှုများ လုပ်ဆောင်နေပြီး အနီးပတ် ဝန်းကျင်မှ လူငယ်အချို့ကို  စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုမှာ မည်သည့်အဖွဲ့မှ လုပ်ဆောင်သည်ကို မသိရှိရသေးဘဲ ဒဏ်ရာရရှိသူများမှာလည်း မည်သူ မည်ဝါဖြစ်ကြောင်း မသိရှိရသေးကြောင်းလည်း ၎င်းကဆိုသည်။

ယခု ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာအနီးတွင် ပြီးခဲ့သည့် လအတွင်းကလည်း ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here