မန္တလေးမြို့၌ ဓားပြတိုက်ခံရမှုတွင်သေဆုံးခဲ့သည့် MUFL ဂျပန်ဘာသာဌာန ဒုတိယနှစ်ကျောင်း သူ၏ နာရေးအား မနက်ဖြန်၌ပြုလုပ်မည်

0
96

မန္တလေးမြို့၌ ဓားပြတိုက်ခံရမှုတွင်သေဆုံးခဲ့သည့် MUFL ဂျပန်ဘာသာဌာန ဒုတိယနှစ်ကျောင်း သူ၏ နာရေးအား မနက်ဖြန်၌ပြုလုပ်မည်

မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်ရှေ့တွင် ဇူလိုင် ၁၁ ရက်က ဓားပြတိုက်ခံရပြီးနောက် သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့သည့် မန္တလေးနိုငိငံခြားဘာသာတက္ကသိုလ် ဂျပန်ဘာသာဌာန ဒုတိယနှစ်ကျောင်းသူ မခင်ရတနာအောင်(၂၁)နှစ်၏ နာရေးအား ဇူလိုင် ၁၃ ရက်(မ နက်ဖြန်) ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မခင်ရတနာအောင်၏ ရုပ်အလောင်းအား မန္တလေးမြို့ရှိ တောင်အင်းမြောက်အင်းသုသာန်တွင် သင်္ဂြိုဟ်သွားမည်ဖြစ်ကာ လက်ရှိအချိန်၌ ရုပ်အလောင်းအား နေအိမ်သို့ပြန်လည်သယ်ယူထားပြီးဖြစ်သည်ဟု သိရသည်။

“အခင်းဖြစ်ပြီးပြီးချင်းကတော့ ဆေးရုံကြီးကိုပို့လိုက်တယ် အခုအိမ်ပြန်သယ်လာပါပြီ ကျည်ကဘယ်ဘက်ရင်ဘက်ကိုထိသွားတာပါ”ဟုမန္တလေးမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မခင်ရတနာအောင်သည် MUFL ၌ပြုလုပ်ခဲ့သည့် ကျောင်းတွင်းလုပ်ဆောင်မှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည့် ကျောင်းသူတစ်ဦးအ ဖြစ် မှတ်တမ်းတင်ဂုဏ်ပြုသည်ဟု ကျောင်းသားများသမဂ္ဂ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။

မခင်ရတနာအောင်သည် အခင်းဖြစ်ပွားသည့်နေ့က ဘဏ်တွင်ငွေထုတ်ပြီးပြန်လာရာ နေအိမ်ရှေ့အရောက်ကားပေါ်မှအဆင်းတွင် နောက်မှလိုက်ပါလာသူများမှ ဓားပြတိုက်၍ ပိုက်ဆံများအားလု ယက်ယူဆောင်ပြီးနောက် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here