အညာမြေရေနံချောင်းသို့ခရီးသွားရင်း ဝါဆို သင်္ကန်းလှူဒါန်းခဲ့တဲ့ ဘုန်းလျှံတို့ဇနီးမောင်နှံ

0
332

အညာမြေရေနံချောင်းသို့ခရီးသွားရင်း ဝါဆို သင်္ကန်းလှူဒါန်းခဲ့တဲ့ ဘုန်းလျှံတို့ဇနီးမောင်နှံ

ဘုန်းလျှံ တို့ဇနီးမောင်နှံအနေနဲ့ အညာမြေ ရေနံချောင်းသို့ခရီးသွားရင်း ဝါဆိုလပြည့်နေ့မှာ မှော်ဘီ သဇင်မြိုင်တောရဆရာတော် ကုသလထံသို့သွားရောက်ဖူးမျှော်ကာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အဆိုပါအကြောင်းနဲ့ပတ်သက်ပြီး ဘုန်းလျှံ က

” အညာမြေသို့ခရီးသွားရင်းမှော်ဘီ သဇင်မြိုင်တောရ ဆရာတော် အရှင်ကုသလ အားဝါဆိုသင်္ကန်း လှူဒါန်းဆည်းကပ်
လပြည့်နေ့အခါသမယမှာ အားလုံး အေးချမ်းသာယာရှိကြပါစေ” လို့ပြောပါတယ်။

ဘုန်းလျှံအနေနဲ့ရိုက်ကူးမှုတွေဆက်တိုက်လုပ်ကိုင်နေပြီး ရရှိတဲ့အနုပညာကြေးများမှတချို့ကို လှူဒါန်းနေတာဖြစ်ပြီး အခုလက်ရှိ
channel K ရုပ်သံလိုင်းမှာ ပြသနေတဲ့ ” The Other Side ” ရုပ်သံဇာတ်လမ်းတွဲမှာ ဦးသူရိန်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here