မြန်မာ့မီးရထားက ရန်ကုန်-မော်လမြိုင်-ရန်ကုန် နေ့စဥ်အစုန်အဆန်ခရီးစဥ်ကို ဇူလိုင်နောက်ဆုံးပတ်မှစတင်ပြေးဆွဲမည်

0
261

မြန်မာ့မီးရထားက ရန်ကုန်-မော်လမြိုင်-ရန်ကုန် နေ့စဥ်အစုန်အဆန်ခရီးစဥ်ကို ဇူလိုင်နောက်ဆုံးပတ်မှစတင်ပြေးဆွဲမည်

မြန်မာ့မီးရထားက ရန်ကုန်-မော်လမြိုင်- ရန်ကုန် နေ့စဥ်အစုန်အဆန် ခရီးစဥ်ကို ယခုဇူလိုင်လ ၂၅ ရက်မှစတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှစုံစမ်းသိရှိရသည်။

ထိုသို့ပြေးဆွဲရာတွင် ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၌ အမှတ်၈၁ အဆန်အမြန်ရထားသည် ရန်ကုန်မှည ၈နာရီထွက်ခွာ၍ မော်လမြိုင်သို့ နံနက်၆နာရီတွင်ရောက်ရှိပြီး၊ အမှန် ၈၂ အစုန်ရထားသည် မော်လမြိုင်မှ ည၈နာရီထွက်ခွာ၍ ရန်ကုန်သို့ နံနက် ၆နာရီ ၁၅မိနစ်တွင်ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သြဂုတ်၂၀ ရက်တွင် ရန်ကုန်-ပြည်- ရန်ကုန် အမြန်ရထားနှစ်စီးအား နေစဥ်ခေါက်ပြန်ပြေးခြင်းများကို တိုးချဲ့ပြေးဆွဲသွားရန်လည်း စီစဥ်ထားရှိသည်။

ရန်ကုန်ပြည်လမ်းပိုင်းပြေးဆွဲရာ၌ အမှတ်၆၁ အဆန်အမြန်ရထားသည် ရန်ကုန်မှ ည၈နာရီထွဲတွင်ထွက်ခွာ၍ပြည်သို့ နံနက် ၅နာရီ ၁၅မိနစ်တွင်ရောက်ရှိပြီး၊ အမှတ်၆၂ အစုန်အမြန်ရထားသည် ပြည်မှ နံနက်၇နာရီ ၄၅ မိနစ်တွင်ဖွက်ခွာ၍ ရန်ကုန်သို့ ညနေ၄နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဇူလိုင်၁၀ရက်မှစ၍ ရန်ကုန်- မန္တလေးလမ်းပိုင်းတွင်လေအိတ်ရထားတွဲဆိုင်းများဖြင့် အမြန်ရထားနှစ်စင်းအား အစုန်အဆန်ပြေးဆွဲပေးခဲ့ပြီး နေ့စဥ်ပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။

မြန်မာ့မီးရထားအနေဖြင့် အများပြည်သူများ ရထားဖြင့်အဆင်ပြေစွာခရီးသွားလာနိုင်ရေးနှင့်ကုန်စည်များကိုလိုရာခရီးသို့ တင်ပို့နိုင်ရေးအတွက် စီစဥ်ပေးလျက်ရှိရာ စီးနင်းမှုနှင့် ကုန်စည်တင်ပို့မှုများပြားလာသည့်အခြေအနေအပေါ်မူတည်၍ ရထားခရီးစဥ်များကိုထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here